မုဒုံမြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များ လှူဒါန်း

မုဒုံ        စက်တင်ဘာ        ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ အခြေခံအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စက်တင်ဘာ ၁၈ ရက်က မုဒုံမြို့နယ်မြို့မ (၁) ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်ရာတွင် စေတနာရှင် အလှူရှင်များ လှူဒါန်းထားသည့် ဆန်အိတ်များကို အခြေခံလူတန်စား အိမ်ထောင်စု ၄၂ စုကို အိမ်ထောင်စု တစ်စုလျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်စီ ထောက်ပံ့လှူဒါန်းခဲ့ပြီး မေတ္တာစံအိမ်(Day Care Family) အသင်းမှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောက်ရွက်ပေးခဲ့ကြောင်း၊ မုဒုံမြို့နယ်ရှိ အခြေခံအိမ်ထောင်စုပေါင်း ၁၄၉ စုနှင့် ဘုန်ကြီးကျောင်း၊ စာသင်တိုက်တို့သို့လည်း ဆွမ်းဆန်အိတ် ၅၀ တို့ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း မေတ္တာစံအိမ်(Day Care Family) အသင်းမှ သိရှိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)