မတ္တရာမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာစာမေးပွဲကျင်းပ ကျောင်းသား ကျောင်းသူ ၁၈၇၀ ဝင်ရောက်ဖြေဆို

မတ္တရာ  ၂၇  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သာကီသွေးအသင်းမှ ကြီးမှူးကျင်းပသော  သတ္တမအကြိမ်မြောက် ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာစာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အ-ထ-က(မတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

7826

 

အဆိုပါ ဗုဒ္ဓဓမ္မ ယဉ်ကျေးလိမ္မာ စာမေးပွဲတွင် အခြေပြုအဆင့်၊ ပထမအဆင့်နှင့် ဒုတိယအဆင့်ဟူ၍ အဆင့်(၃)ဆင့်ခွဲကာ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၄၂ ကျောင်းမှ  ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၇၀ ဝင်ရောက်ဖြေဆိုခဲ့သည်။

 

7831

 

စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ဖြေဆိုအောင်မြင်သူများကို ဖေဖော်ဝါရီ ၁ ရက်တွင် မတ္တရာမြို့ သစ္စာရွှေပြည် မဟာစည်သာသနာရိပ်သာတွင် ဂုဏ်ပြုဆုပေးပွဲနှင့် နိဗ္ဗာန်စျေးပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

စိုးကျော်သူထွေး(မတ္တရာ)