မန်ယူနောက်တန်းကစားသမား အက်ရှ်လေယန်းကို ခြောက်လအငှားစာချုပ်နဲ့ အင်တာမီလန် ခေါ်ယူ

mdn

အင်တာမီလန်အသင်းဟာ မန်ယူအသင်းရဲ့ နောက်တန်း ကစားသမား အက်ရှ်လေယန်းကို အငှားစာချုပ်နဲ့ ခေါ်ယူ လိုက်ပြီဖြစ်ပါတယ်။ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်ထပ်အမြဲတမ်းစာချုပ်ချုပ်ဆိုနိုင်မယ့် အခွင့်အရေးနဲ့ အတူ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၂၈ သန်းနဲ့ ခြောက်လအငှားစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၃၄ နှစ်အရွယ်ရှိ နောက်တန်းကစားသမား အက်ရှ်လေယန်းဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ အရင်ကတည်းက ပြောကြားခဲ့တာဖြစ်ပြီး မန်ယူအသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာလည်း ပါဝင်ကစား ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

 

နောက်တန်းကစားသမား အက်ရှ်လေယန်းဟာ မန်ယူအသင်းနဲ့အတူ ရှစ်နှစ်ခွဲကြာ ပါဝင်ကစားပေးခဲ့သူ လည်းဖြစ်ပါတယ်။ မန်ယူအသင်းနဲ့အတူ ပွဲစဉ် ၂၆၁ ပွဲအထိ ပါဝင်ကစားပေးခဲ့သလို အခုနှစ်ဘောလုံးရာသီမှာ အသင်း ခေါင်းဆောင်အဖြစ်နဲ့ ပွဲထွက်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာလည်းမန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ပွဲစဉ် ၁၀ ပွဲပဲ ပွဲထွက် ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

 

အက်ရှ်လေယန်းဟာ ၂၀၁၁ ခုနှစ်က အက်စ်တွန်ဗီလာ အသင်းကနေ မန်ယူအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ၃၉ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။

 

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့သြဂုတ်လက တိုက်စစ်မှူး လူကာကူကိုခေါ်ယူခဲ့ပြီး တိုက်စစ်မှူး ဆန်းချက်ဇ်ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါ တယ်။ လက်ရှိမှာ အင်တာမီလန်အသင်းဟာ အီတလီ စီးရီးအေ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည် နေတာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အီတလီစီးရီးအေ ဖလားမရရှိခဲ့တဲ့မှတ်တမ်းဆိုးကို ကျော်လွှားနိုင်ဖို့ နည်းပြ ကွန်တီက အသင်းကို အကောင်းဆုံးတည်ဆောက်နေတာ ဖြစ်ပါတယ်။ နည်းပြ ကွန်တီဟာ နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူမယ်လို့လည်း ဆိုပါတယ်။

 

ငွေကြယ်