မန်ယူအသင်းက ကွင်းလယ်ကစားသမားအမ်တိုမီနေးကို လက်ရှိလစာထက်နှစ်ဆပေးပြီး စာချုပ်သစ်ကမ်းလှမ်းမည်

၁၁ ဒီဇင်ဘာ

မန်ယူအသင်းဟာ စကော့တလန်ကွင်းလယ် ကစားသမား အမ်တိုမီနှေးကို လက်ရှိလုပ်ခ လစာထက်နှစ်ဆပေးပြီး စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကွင်းလယ်ကစားသမား အန်တိုမီနေ ဟာ စနေညက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အဲဒီပွဲစဉ်မှာ မန်ယူအသင်းက မန်စီးတီးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုနှစ်ဘောလုံးရာသီမှာ နည်းပြ ဆိုးရှားရဲ့လက်ထက်မှာ ၁၈ ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားတာဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား အမ်တိုမီဟာ လက်ရှိမှာ လုပ်ခလစာပေါင် သုံးသောင်းရရှိနေပြီး စာချုပ်သစ်အတွက် လုပ်ခလစာပေါင် ခြောက်သောင်းပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အဲဒီလိုစာချုပ်သစ်ချုပ်ဆိုခြင်းဖြင့် မန်ယူအသင်းက အသင်းရဲ့ ဘောလုံး အကယ်ဒမီ ထွက်လူငယ်ကစားသမားတွေကို အဓိကထားအသုံးပြုဖို့စီစဉ်နေတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အမ်တိုမီနေ အနေနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါက ၂၀၂၅ ခုနှစ်အထိ မန်ယူအသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ငွေကြယ်