မန္တလေးတက္ကသိုလ်အတွင်း Covid -19 ကြိုတင်တာကွယ်ရေးအဖြစ် ပိုးသတ်ဆေးဖျန်း

မန္တလေး   ၃၀   မတ်
 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း Covid-19 ကြိုတင်ကာကွယ်ရေးအဖြစ် လူစည်ကားသောနေရာများ၊ လူနေရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၉ ရက်က မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ လူနေဝန်ထမ်းအိမ်ရာများတွင် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရှိရသည်။

 

a

 

ပိုးသတ်ဆေးဖျန်းခြင်းကို တက္ကသိုလ်နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တစ်အိမ်တက် တစ်အိမ်ဆင်း ပက်ဖျန်းပေးခဲ့သည်။

 

a

 

မဟာအောင်မြေမြို့နယ်အတွင်းတွင် Covid-19 ကြိုတင်ကာကွယ်ရေးအဖြစ် ပိုးသတ်ဆေးဖျန်းခြင်းကို မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်