မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေး  ၅ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ MGH ကုတင် (၃၀ဝ) ကလေး ဆေးရုံအတွင်း၊ ၆၃လမ်း ၆၄လမ်း လမ်း၃၀ လူမူဝန်ထမ်းဦးစီးဌာနရုံး၊ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဂေဟာ၊ မတ္တရာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဆုတောင်းပြည့် မြို့ဒေါင့် ရွှေဂူဘုရား၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အရှေ့ခြမ်း၊ တံတားဦးမြို့နယ်၊ စကားအင်း အမြန်လမ်း ရဲစခန်း၊ နွားထိုးကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ စိန်ရွှေမန်း (စက်သုံးဆီ ရောင်းဝယ်ရေး)၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအတွင်းရှိ လူနေအိမ်ဝိုင်း များအတွင်းနှင့် ရွာလမ်းများ၊ ရမည်းသင်းမြို့နယ်၊ မူလသိမ်ဦးဘုန်းကြီးကျောင်းတို့တွင် COVID 19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးမှူးများ ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN

 

2