မန္တလေးမြို့တွင် Solo Festival Art Exhibition ပန်းချီပြပွဲကျင်းပ

မန္တလေး  ၁၇    ဖေဖော်ဝါရီ

 

Solo Festival Art Exhibition ပန်းချီပြပွဲကို မန္တလေးမြို့၊ ၃၁ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

5693.

 

အဆိုပါ ပန်းချီပြပွဲကို  ပန်းချီဆရာ ကိုလေး(Oliver)၊အံ့တင်အောင်၊ဆန်းထွန်း(OGRE)၊ ကိုနော်(ပုဂံ)၊ ထူးတိုးတင့်၊ ရွှေစင်အေး၊ ခက်စိမ်းနွယ်၊ လောကကြီး၊မြတ်ပန်းနွယ်နှင့် H3W အစရှိသော ပန်းချီဆရာ (၁၀)ဦး ရေးဆွဲထားသော  အခရိုင်လစ်အသုံးပြု ဒီဇိုင်းပန်းချီများ ကိုယ်ပိုင်စိတ်ကူးဖြင့် ပုံဖော်ဖန်တီး ရေးဆွဲထားသော အကြောင်းအရာမျိုးစုံ ပန်းချီကားပေါင်း(၃၄၀)ခန့် ရှိကြောင်း သိရသည်။

 

 ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မှ ၁၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကာ ပန်းချီကားတစ်ကားလျှင် အမေရိကန်ဒေါ်လာ (၂၅၀)ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)