မန္တလေးမြို့ရှိ ကုသိုလ်တော် ဘုရားသို့ ပြည်တွင်းပြည်ပ ခရီးသွားများ  လာရောက်လည်ပတ်

မန္တလေး ၁၄ ဒီဇင်ဘာ

မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ များနှင့် ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှုများပြားလျက်ရှိကြောင်း သိရသည်။

ကုသိုလ်တော်ဘုရားကြီးသည် ပိဋိကတ်သုံးပုံ ပါဠိတော်ကျောက်စာပေါင်း ၇၂၉ ချပ်ရှိပြီး မာတိကာအလိုက် ပိဋိကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန်သုံးကျမ်း ကျောက်စာအချပ် ၄၁၀၊ ဝိနည်းငါးကျမ်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာခုနှစ်ကျမ်း ကျောက်စာ အချပ် ၂၀၈ရှိသည်။ ဘုရားဝင်းအတွင်း၌ ကျောက်စာတစ်ချပ်လျှင် ဓမ္မစေတီတစ်ဆူနှုန်းဖြင့် တစ်ဆယ့်သုံးဧက ကျယ်ဝန်းသော စေတီပရိဝုဏ် သုံးထပ်အတွင်း စိုက်ထူထားသည်။ အဆိုပါကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၂ ခုနှစ်တွင် စတင်ထွင်းထုခဲ့ရာ ၁၂၃၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ကုသိုလ်တော်ဘုရား ကျောက်စာချပ်များကို Memory of the World စာရင်းသို့ ၂၀၁၂ ခုနှစ် မတ် ၃၁ ရက်က တင်သွင်းခဲ့ပြီး အဆိုပါအမွေအနှစ်ကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင် ၂၀၁၃ ခုနှစ် ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် အစည်းအဝေး၌ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova က သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် UNESCO Memory of the World စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)