မန္တလေးဈေးကွက်တွင် "ဝဥ" များအရောင်းသွက်နေ

မန္တလေး ၆ စက်တင်ဘာ

 

COVID-19 ရောဂါဖြစ်ပွားနေချိန်မှာတောင် တရုတ်နိုင်ငံ၏ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်မှာ ဝဥ များအရောင်းသွက်နေသည်ဟုသိရသည်။ ဝဥ ဟာ (၂)မျိုးရှိပြီးအခုလက်ရှိ အခြောက်လှန်းပြီးသား ဝဥ အဝါပေါက်ဈေးက တစ်ပိဿာလျှင် တစ်သောင်းသုံးရာကျပ်နှင့် အခြောက်လှန်းပြီးသား ဝဥ အနီက တစ်ပိဿာလျှင် ကိုးထောင်ကျပ် မန္တလေးဈေးကွက်မှာရှိ‌ကြောင်း သိရပြီး ယခင်နှစ်များက တရုတ်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့ကဝယ်လိုအားရှိခဲ့‌သော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံကပဲဝယ်ယူ‌ကြောင်း မန္တလေးမြို့ ဦးစိုးဝင်းမြင့်ပွဲရုံထံမှသိရသည်။

 

#MRTV