မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း စားသောက်ကုန်များ လှည့်လည်ရောင်းချ

မန္တလေး ၅ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း-၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) က ကြီးမှူး၍ ဒေသခံပြည်သူများ ကုန်ဈေးနှုန်းအပေါ် စိုးရိမ်မှူများ လျော့ပါးစေရန်နှင့် စားသောက်ကုန်များ ဖူလုံရေး ကုန်စျေးနှုန်း သက်သာချောင်ချိရေးအတွက် ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ် လမ်း ၈၀-၂၆ လမ်းမှ ၉ လမ်းအတွင်း ရပ်ကွက်များသို့ ကု လားပဲခြမ်း၊ ငရုပ်ကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်ကျော်၊ လ္ဘက်နှင့် ပဲကြော်စုံများကို ကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

 

အဆိုပါစားကုန်များတွင် ကုလားပဲခြမ်း ၅၀ သားကို ကျပ် ၈၀၀၊ ကြက်သွန်ကြော် တစ်ထုပ် ကျပ် ၈၀၀၊ ငရုတ်ကြမ်းမှုန့်- အရောင်တင်မှုန့်- နနွင်းမှုန့် ကျပ် ၁၅၀ နှုန်းစီ၊ လ္ဘက်+ပဲကြော်စုံ ကျပ် ၂၀၀ နှုန်းတို့ဖြင့် ရောင်းချခဲ့ကြသည်။

 

ကုန်စည်အရောင်းအဝယ် အဆင်ပြေစေရန်အတွက်လည်း မန္တလေး ပွဲစားကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (ကုန်စည်ဒိုင်) မှ စားသောက်ကုန်များ ပုံမှန်အရောင်းအဝယ်ဖြစ်စေပြီး ကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် အသင်းသား အသင်းသူများအား ကုန်စည်ဒိုင်အမည်ဖြင့် တရားဝင် Viber ဂရုဖွဲ့ကာ ဖုန်းဖြင့်ချိတ်ဆက် အရောင်းအဝယ်ခွင့်ပြုကြောင်း၊ လတ်တလော ဖြစ်ပေါ်နေသော COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှု ကာကွယ်နေချိန်တွင် စားသောက်ကုန် ပြတ်လပ်ခြင်းမရှိဘဲ စျေးနှုန်းတည်ငြိမ်ရေးအတွက် စီမံဆောင်ရွက်ခြင်းဖြစ်သဖြင့် ယနေ့အထိ ကုန်စည်ဒိုင်အား အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ပေးထား၍ ကုန်စည်ဒိုင်ဥက္ကဋ္ဌက အကြံပြုသဖြင့် အိမ်မှာနေရင်း ဖုန်းဖြင့် အရောင်းအဝယ် စတင်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

တင်မောင် (မန်းကိုယ်ပွား)