မန္တလေး မန္တလာဒီဂရီကောလိပ်တွင် Quarantine Center စောင့်ရှောက်မှုတိုးချဲ့ရန်အတွက် MBCCD မှ ထပ်မံလှူဒါန်းရန် ကြိုတင်ပြင်ဆင်

မန္တလေး ၃ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မန္တလာဒီဂရီကောလိပ်ကျောင်းတွင် Quarantine Center ကို ဧပြီ ၂ ရက်က စောင့်ရှောက်မှု ကြိုတင်ပြင်ဆင်ထားပြီး ပြည်တွင်းပြည်ပနှင့် ထိုင်း-မြန်မာ မြဝတီနယ်စပ်က ပြန်လာသူတွေရှိနေတာကြောင့် ယခင်က သံဃာဆေးရုံ Quarantine Center တွင် လူဦးရေ ၁၇၀ အဆင်သင့်နေထိုင် ချောမွေ့စွာ စားသောက်နိုင်ရန်ကိုလည်း အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း MBCCD Ltd., မှ လှူဒါန်းထားကြောင်း၊ ကန်တော်ကြီးသံဃာ့ဆေးရုံတွင် ယခုအခါ လူပြည့်ခါနီးဖြစ်သည့်အတွက် နောက်ထပ်ရောက်လာသူများကို လက်ခံနိုင်ရန်အတွက် မန္တလာဒီဂရီကောလိပ်ကျောင်းတွင် Quarantine Center တွင် လူဦးရေ ၃၂၀ အတွက် ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်ပမှပြန်လာသူများကို Quarantine အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်မှုနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်များကို အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း MBCCD Ltd., မှ လူဦးရေ ၃၂၀ အတွက် မွေ့ရာနှင့် ခေါင်အုံး အဆင်သင့်နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်လှူဒါန်းထားကြောင်း၊ အဆိုပါစောင့်ကြည့်လူနာများ ထားရှိရန်အတွက် မန္တလေး မန္တလာဒီဂရီကောလိပ် Quarantine Center တွင် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောင်စံမောင်