မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  Sinopharm နှစ်သောင်း၊ နှစ်ထောင်ထိုးနှံပေးမည်

မော်လမြိုင် စက်တင်ဘာ ၁၅

 

မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၄ နံနက်ပိုင်းက မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ပြည်နယ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  Sinopharm  တတိယအသုတ် ပထမအကြိမ် ထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က   တတိယအကြိမ်  ရောက်ရှိလာသော    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို  မြို့နယ်များအလိုက်  ထိုးနှံနိုင်ရေး   အထူးအလေးထားဆောင်ရွက် ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ   သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြားပြီး သံဃာတော်များအား အချိုရည် ဆက်ကပ်လှူဒါန်းပေးသည်၊၊

 

မွန်ပြည်နယ်အနေဖြင့်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ   ၂၂၀၀၀ ကို ဆေးတစ်လုံးလျှင်  ငါး ဦးနှုန်းဖြင့်  လူဦးရေစုစုပေါင်း  တစ်သိန်း၊ တစ်သောင်းကို   မွန်ပြည်နယ် ၁၀  မြို့နယ်အတွင်း သတ်မှတ်စုရပ် နေရာများ၌ စက်တင်ဘာ ၁၄  ရက်နေ့မှစတင်၍ တတိယအသုတ် ပထမအကြိမ်အား ဦးတည်အုပ်စု ၁၆ အုပ်စုမှ ရဟန်း၊ သံဃာတော်များ၊ ပြည်သူများအား  စတင်ထိုးနှံ ပေးပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

   

ဇာဖြူဝင်း(ပြန်/ဆက်)