မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဒိုင်ဗင်တင်လှနှင့် ရုပ်ရှင်စကားဝိုင်း တွေ့ဆုံမေးမြန်း

ဒါရိုက်တာ ကြည်စိုးထွန်း

ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေကို လုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ကယောက်ကယက် ဖြစ်ပြီးတော့ အသက်တိုကြရတာ၊ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ ဘဝဆိုတာဟာ တကယ့်ကိုနုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကို လျှောက်ရတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာတော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ရှားရှားပါးပါးနဲ့ ကျွန်တော်တို့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသား တစ်ယောက် ရှိပါတယ်။ သူကတော့ အခုကျွန်တော်နဲ့ ဆွေးနွေးမယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကို ပြောရမယ်ဆိုရင်တော့ အခုဆိုရင် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများသိကြ၊ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှ ဖြစ်ပါတယ်။

ကြည်စိုးထွန်း။ ။ အခုကျွန်တော်စတန့်
မင်းသားဒိုင်ဗင်တင်လှ နဲ့ ရုပ်ရှင်စကားဝိုင်းကို ဆွေးနွေးမှာဖြစ်ပါ တယ်။ အဘရေ နေကောင်းတယ်နော်။

ဒိုင်ဗင်တင်လှ။ ။ နေကောင်းတယ် နေ
ကောင်းတယ်။

ကြည်စိုးထွန်း။ ။ ဝမ်းသာပါတယ်။ အခုလို
တကယ့်ကို အသက် အရွယ်ကြီးရင့်တဲ့ ရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကြီး တစ်ယောက်နဲ့ ကျွန်တော်တို့တွေ့ရတာ ဝမ်းသာပါတယ်။ အခုအသက်ဘယ်လောက် ရှိပြီလဲ။

ဒိုင်ဗင်တင်လှ။ ။ အခု ၉၄ နှစ်။ ဝါဆိုလမှာ
၉၄ နှစ် ပြည့်သွားပြီ။

ကြည်စိုးထွန်း။ ။ အခုကျန်းမာရေးကောင်း
တယ်နော်အဘ။

ဒိုင်ဗင်တင်လှ။ ။ ကျန်းမာရေး ကောင်း
တယ်။ အခုလည်း အား ကစားလေးဘာလေး နည်းနည်းလုပ်ရတယ်။ လှုပ်ရှားရတာပေါ့။

ကြည်စိုးထွန်း။ ။ အားကစားတွေ ဘာတွေ
လုပ်တယ်ပေါ့။ အခုနေ ဒိုင်ဗင်ထိုးမယ်ဆို ထိုးနိုင်ပါ့မလား။

ဒိုင်ဗင်တင်လှ။ ။ ထိုးနိုင်တယ် ဘုရင့်နောင်
တံတားပေါ်က အခု ထိုး လို့ရတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဒါပေမယ့်
အဘ သွားတွေတော့ မရှိ တော့ဘူးနော်။
ဒိုင်ဗင်တင်လှ။ ။ သွားတော့မရှိတော့ဘူး။

ကြည်စိုးထွန်း။ ။ နောက် နားကလည်း
နည်းနည်းလေး။

ဒိုင်ဗင်တင်လှ။ ။ မျက်စိ ကောင်းတယ်
နားလေးသွားပြီ။

ကြည်စိုးထွန်း။ ။ အဘကို တွေ့ရတာ
ဝမ်းသာပါတယ်။ ဘာလို့လဲ ဆိုတော့ စတန့်မင်းသားတွေ တော်တော် များများက မရှိကြတာများတဲ့အထဲမှာ အဘက အခု အသက် ၉၄ နှစ်အရွယ်ထိ အောင် တစ်ခါတည်း ကျန်းကျန်းမာမာနဲ့။

ဒိုင်ဗင်တင်လှ။ ။ ဝမ်းသာ ပါတယ်၊
သာဓုဗျာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီတော့
အဘ ဘယ်အရွယ်မှာ ရုပ်ရှင်ထဲကိုဝင်တာလဲ။

ဒိုင်ဗင်တင်လှ။ ။ ဆယ့်လေး ငါးနှစ်သား
ကတည်းက ရုပ်ရှင်ထဲ ဝင်တာ။

ကြည်စိုးထွန်း။ ။ ဪ ဆယ့်လေးငါးနှစ်
သားကတည်းက။ မွေး တော့ ဘယ်မှာမွေးတာလဲ။

ဒိုင်ဗင်တင်လှ။ ။ မွေးတော့ အင်းစိန်ရွာမမှာ
မွေးတယ်။

ကြည်စိုးထွန်း။ ။ ဪ အင်းစိန်ရွာမသား၊
ရန်ကုန်သားပေါ့။ မွေးချင်း ပေါက်ဖော် ဘယ်နှယောက်ရှိသလဲ။
ဒိုင်ဗင်တင်လှ။ ။ မွေးချင်းပေါက်ဖော် အဘ
တစ်ယောက်တည်းပဲ ရှိ တယ်။

ကြည်စိုးထွန်း။ ။ ဪ။ အဲဒီတော့ ငယ်
ငယ်တုန်းက ဒိုင်ဗင်ကို ဘယ်လိုလေ့ကျင့်ခဲ့လဲ အဘ။

ဒိုင်ဗင်တင်လှ။ ။ ငယ်ငယ်တုန်းက ဒိုင်ဗင်ကို
ချောင်းတွေ ဘာတွေထဲမှာ ထိုးတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

ဒိုင်ဗင်တင်လှ။ ။ နောက် အင်းလျားကန်မှာ
ထိုးတယ်။

ကြည်စိုးထွန်း။ ။ ဘာဖြစ်လို့ ဒီလိုဒိုင်ဗင်တွေ
ဘာတွေထိုးတာ ဝါသနာ ပါသလဲ၊ ရုပ်ရှင်မင်းသားဖြစ်ချင်ရတာလဲ။ ဘယ်သူ့ကိုကြည့်ပြီးတော့ ရုပ်ရှင်မင်းသား ဖြစ်ချင်တာလဲ။
ဒိုင်ဗင်တင်လှ။ ။ ကိုချစ်ရွှေကြီးကို ကြည့်ပြီး
တော့။

ကြည်စိုးထွန်း။ ။ ဪ ချစ်ရွှေကြီး။

ဒိုင်ဗင်တင်လှ။ ။ မီးပုံးပျံစီးတယ်လေ။

ကြည်စိုးထွန်း။ ။ မိချောင်းနဲ့လည်း သတ်
တယ်၊ မြွေနဲ့လည်း သတ် တယ်၊ ကျားနဲ့လည်း သတ်တယ်၊ အမျိုးစုံပဲ နော်။ သူ့ကိုအားကျပြီးတော့ အဘမင်းသား ဖြစ်ချင်တာ။

ဒိုင်ဗင်တင်လှ။ ။ အားကျတာပေါ့၊ နောက်
ကိုကျော်ညွန့်။

ကြည်စိုးထွန်း။ ။ ကျော်ညွန့် ဖူးစာနှစ်ခိုင်တို့။
ဒိုင်ဗင်တင်လှ။ ။ သူကလည်း ဘားကျွမ်းဆို
သိပ်ကောင်းတာ။ အဲဒါ သူတို့ကြည့်အားကျပြီးတော့ ကိုယ်ကလည်း လေ့ကျင့်တာပေါ့။

ကြည်စိုးထွန်း။ ။ ကျော်စိုး ၊ ကျော်တိုး၊
ကျော်မိုးတို့ကိုရော ကြည့်ဖူး သလား။

ဒိုင်ဗင်တင်လှ။ ။ ကိုကျော်မိုးက ကျွန်တော့်
ဆရာကြီးပဲ။

ကြည်စိုးထွန်း။ ။ သူက ဒါရိုက်တာလည်း
လုပ်ပါတယ်နော်။

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့၊ နောက် ကိုတင်ဖေ
ကျွန်တော့်ဆရာ။

ကြည်စိုးထွန်း။ ။ သူ့ကားတစ်ကားကို အဘ
ရိုက်တာ ကျွန်တော်တွေ့ တယ်နော်။

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ သူ့ကားကဘာလဲဆိုတော့
သူလည်းပါတယ် "လင်းလု ရောင်ခြည်"။

ဒိုင်ဗင်တင်လှ။ ။ "လင်းလုရောင်ခြည်"။

ကြည်စိုးထွန်း။ ။ "လင်းလုရောင်ခြည်"
ဆိုတဲ့ကားမှာ တင်ဖေရယ်၊ ဒိုင်ဗင်တင်လှရယ်။

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ ခင်မြင့်လေးရယ်၊
နွယ်နွယ်ရယ်။

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

ကြည်စိုးထွန်း။ ။ အဲဒါအသံထွက်။ အသံ
မထွက်ခင်တုန်းက အသံ တိတ်တုန်းကလည်း။

ဒိုင်ဗင်တင်လှ။ ။ အသံတိတ်တုန်းက"စောရ
သက်ပြင်း"တို့၊ "စောရ လက်ဝဲ"တို့ အောင်ဇေယျရုပ်ရှင်က။
ကြည်စိုးထွန်း။ ။ အောင်ဇေယျရုပ်ရှင်က
အဲဒါ ဒါရိုက်တာ မောင်လှတင်။

ဒိုင်ဗင်တင်လှ။ ။ မောင်လှတင်။

ကြည်စိုးထွန်း။ ။ နေဦး အဘနာမည်
အရင်းက

ဒိုင်ဗင်တင်လှ။ ။ မောင်လှတင်။

ကြည်စိုးထွန်း။ ။ မောင်လှတင်ပဲ၊ ဘာဖြစ်
လို့ ဒိုင်ဗင်တင်လှ ဖြစ်သွားတာလဲ။

ဒိုင်ဗင်တင်လှ။ ။ ဒိုင်ဗင်မှာ ကျွမ်းလွန်းအား
ကြီးလွန်းလို့ အောင်ဇေယျ ရုပ်ရှင်ကပဲ ဒိုင်ဗင်တင်လှဆိုပြီး ဘွဲ့ပေးလိုက် တာ ရုပ်ရှင်ကပေးတာ။

ကြည်စိုးထွန်း။ ။ ဪရုပ်ရှင်ကပေးတဲ့
နာမည်၊ အခုကောလိပ်ဂျင် နေဝင်းတို့လိုပေါ့၊ အဲဒီလိုပေါ့ နာမည်ရသွား တာပေါ့နော်။

ဒိုင်ဗင်တင်လှ။ ။ ကောလိပ်ဂျင်နေဝင်းက
စကားပြောသိပ်ကောင်း တယ်၊ သူက တော်ကီ။

ကြည်စိုးထွန်း။ ။ အဘကတော့ ဒိုင်ဗင်ထိုး
ကောင်းတယ်။ ကိုနေဝင်း က ဒိုင်ဗင်မထိုးတတ်ဘူး။ စကားပြောကောင်း တယ်။

ဒိုင်ဗင်တင်လှ။ ။ စကားပြော ကောင်း
တယ်။

(ဆက်လက်ဖော်ပြပါမည်)