မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ ခင်ယုမေနှင့် ရုပ်ရှင်စကားဝိုင်း

articles_advs

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

 

ယမန်နေ့ မှအဆက်

 

ဒေါ်ခင်ယုမေ ။ ။ အဲဒီတော့မှပဲကိုယ်ကရဲရဲတင်းတင်းရန်ကုန်ပြန်လာရဲတယ်။ ကားရိုက်ပြီးတော့လေ။ ။

 

mdn

 

ကြည်စိုးထွန်း ။ ။ “ဤဘဝဝယ်” တောင်မှ ရုံမတင်ရသေးဘူး။ အစ်မက “မူယာ” တင်ညွန့်ရုပ်ရှင်က။

 

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။

 

ကြည်စိုးထွန်း ။ ။ “သူဇာနဲ့မူယာ” လား၊ “မူယာ” လား။

 

ဒေါ်ခင်ယုမေ ။ ။ “သူဇာနဲ့မူယာ”။

 

ကြည်စိုးထွန်း ။ ။ “သူဇာနဲ့မူယာ” အဲဒီမှာတင်ညွန့်နဲ့ တွဲရတာပေါ့နော်။

 

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။ အဲဒါ ပြီးတော့အများကြီးပဲ။ ဇမ္ဗူအေးကနေ “မန်းသူလေးမို့” တို့ လာငှားတာပေါ့နော်။ ။

 

mdn

 

ကြည်စိုးထွန်း ။ ။ ဒီမှာတော့ ကျွန်တော်က ဘယ်လိုလုပ်ထားလဲဆိုတော့ အစ်မရဲ့။ ဖိုးပါကြီးနဲ့ ဆက်ရိုက်တာ ရှိသေးတယ်။ “မြဋီကာ”ဆိုတာ ။

 

ဒေါ်ခင်ယုမေ ။ ။ အင်း ဟုတ်တယ်၊ “မြဋီကာ” တို့၊ နောက်တစ်ခါ “ကျားသားမိုးကြိုး” ဆိုတာရှိသေးတယ် မန္တလေးမှာသွားရိုက်တာ၊ နောက်တစ်ခုက တစ်ခါ ဦးထွန်းဝေနဲ့ တော်တော်များတယ် အစ်မနဲ့ရိုက်တာနော်။ ။

 

ဒေါ်ခင်ယုမေ ။ ။ အရင်တုန်းက ကိုထွန်းဝေပဲ။ ကိုယ့်တွဲဖက်က ကိုထွန်းဝေ ပဲလေ။ ။

 

ကြည်စိုးထွန်း ။ ။ ကိုထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း။

 

ဒေါ်ခင်ယုမေ ။ ။ ကောလိပ်ဂျင်နေဝင်းတောင် သိပ်မရှိဘူး။

 

ကြည်စိုးထွန်း ။ ။ အစ်မ ဒီမှာကျွန်တော်ပြောမယ်။ ဦးထွန်းဝေနဲ့ကအစ်မရိုက်တာ “အသက်” ရယ်၊ “စိုးပိုင်” ရယ်၊ “ချစ်လွန်းလို့” ရယ် ဒါတင်ညွန့်ရုပ်ရှင်ကနော်၊ နောက် “မေ့တွက်မောင့်သဲ”၊ နောက် “ကိုယ်ပိုင်မေတ္တာ” က နောက်ပြောမယ်။ ဘာလို့လဲဆိုတော့ “ကိုယ်ပိုင်မေတ္တာ” က အစ်မအကယ်ဒမီရတာကိုး (၆၁) ထင်တယ်နော်။ ဆိုတော့ အဲဒါကထားလိုက်တော့ ကိုထွန်းဝေနဲ့ ရိုက်ခဲ့တဲ့ကားတွေ။

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ ဦးတင်ညွန့်နဲ့ကို ရှိသေးတယ်လေ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်လား။

 

ဒေါ်ခင်ယုမေ ။ ။ နေပါဦး ဘာကားလဲမသိပါဘူး။ ဦးတင်ညွန့်နဲ့ကို ရှိသေးတယ်။ ကားထုပ်တွေက နာမည်တွေ မေ့ကုန်ပါပြီ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ အစ်မ။

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ နောက် တော်ဝင်ထွန်းမှာ “မေ့တွက်မောင့်သဲ”။ အဲဒါတွေလည်း ရိုက်တယ်။ “စာရေးဆရာ” ဒါတော်ဝင်ထွန်းက ရိုက်တာ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့အစ်မ “စာရေးဆရာ” ဟုတ်တယ်၊ ဟုတ်တယ် ရှိတယ်နော်။ နောက်တစ်ခါ ကောလိပ်ဂျင်နေဝင်းနဲ့ကျတော့ အစ်မ “မန်းသူလေး မို့” ရိုက်တယ်။

 

ဒေါ်ခင်ယုမေ ။ ။ “မန်းသူလေးမို့”၊ “မလိခချစ်သူ”၊ “အိမ်ထောင်စု၊ အမ်း “မွှေးလွန်းသည့်ပန်း” ။

 

ကြည်စိုးထွန်း ။ ။ ကြည်စိုးပါတယ်နော်။

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ “မွှေးလွန်းသည့်ပန်း” က ကောလိပ်ဂျင်နေဝင်းမဟုတ်ဘူး။ ကိုကြည်စိုးပဲ ထင်တယ်။

 

ကြည်စိုးထွန်း ။ ။ ဒီမှာက ကိုနေဝင်းပါပါတယ်လို့ပြောတယ် ။

 

ဒေါ်ခင်ယုမေ ။ ။ ဟိုဟာဟိုဟာ “ယောက်ျားတို့အကြောင်း”။ နောက်သူက ဟိုဟာရှိသေးတယ် “ဘဇံဘမှန်အကြောင်း” က ကိုနေဝင်းကုမ္ပဏီက။

 

ကြည်စိုးထွန်း ။ ။ အင်း အင်း ဟုတ်တယ်၊ ဟုတ်တယ် အစ်မ။

 

ဒေါ်ခင်ယုမေ ။ ။ အဲဒီတုန်းက မဟေမာတို့၊ ရာဇာတို့က ပိစိကွေးလေးတွေ၊ နှစ်ယောက်က ရန်ဖြစ်လိုက်ကြ၊ ကလေးတွေ ငိုလိုက်ကြ၊ ကျောင်းပိတ်ထားတော့ သူ့ကလေးတွေလည်း အကုန်ပဲ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

 

ကြည်စိုးထွန်း ။ ။ အမှတ်ရစရာကောင်းတာပေါ့နော်။ အစ်မ။ နောက် “မလိခ ချစ်သူ” က ဘယ်မှာသွားရိုက်တာလဲ။

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ “မလိခချစ်သူ” က ချင်းတောင်လေ။ ချင်းတောင်ကို ပထမဦးဆုံး သွားကြတာပေါ့။ ။

 

ကြည်စိုးထွန်း ။ ။ ကိုမြတ်လေးရယ်၊ အစ်မရယ်။ ကိုနေဝင်းပါတယ်နော်။ အဲဒီကားမှာ သီချင်းတစ်ပုဒ်ရှိတယ် အစ်မရဲ့။ အဲဒီသီချင်းက ကျွန်တော်ပဲ နောက်အနှစ် ၂၀ လောက်ကျတော့ ပြန်သုံးဖြစ်တာပေါ့၊ ၁၅ နှစ် အနှစ် ၂၀လောက် ကြာတော့ ပြန်သုံးဖြစ်တယ်၊ အဲဒါဘာလဲဆိုတော့ မောင့်အချစ်မြား၊ မောင့်အချစ်မြားဆိုတာ။

 

ဒေါ်ခင်ယုမေ ။ ။ အခုဆိုရင် တော်တော်ခေတ်စားနေတယ်။

 

ကြည်စိုးထွန်း ။ ။ ခေတ်စားနေတာပေါ့။ အစ်မတို့ အဲဒီကားထဲမှာ စသုံးကတည်းက ကျွန်တော်စွဲပြီးတော့ နောက်ကျတော့ ကိုချစ်ဆွေကို ပြောပြီးတော့ ကျွန်တော့်ရဲ့ “သံယောဇဉ် ချာတိတ်” ဆိုတဲ့ ကားထဲမှာ ကျွန်တော်က အဲဒါလေးကို ထည့်သုံးဖူးတာပေါ့။ ဒါပေမယ့် ပထမကြားတာကတော့ အစ်မတို့ရဲ့ “မလိခချစ်သူ” က စကြားရတာပေါ့။ ကိုမြတ်လေးရယ်၊ ကိုနေဝင်းရယ်၊ အစ်မရယ်၊ ချိုပြုံးရယ်။ 

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ Background သီချင်းပေါ့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

 

ဒေါ်ခင်ယုမေ ။ ။ ကိုမြတ်လေး ဒဏ်ရာရတော့ သေမလားရှင်မလားမသိဘူး၊ အဲဒီမှာ တစ်ယောက်တည်း လျှောက်သွားနေတဲ့အချိန် အဲဒီမှာ Background ကဆိုတာပေါ့။

 

ကြည်စိုးထွန်း ။ ။ အစ်မကကျောင်းဆရာမလား မသိဘူး။ အဲဒီအထဲမှာ ဆရာမလေးလား။

 

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်ထင်တယ်၊ ကျောင်းဆရာမ။ တောင်ပေါ်ကကျောင်းဆရာမလေး။ ကိုနေဝင်းက စိုက်ပျိုးရေးအရာရှိ။ ကိုမြတ်လေးက စစ်ဗိုလ်။

 

ကြည်စိုးထွန်း ။ ။ ကျွန်တော် သတိထားမိတာပေါ့။ ဒါကကျွန်တော့်လိုပဲ ကြည့်တဲ့ပရိသတ်တွေလည်း သတိထားမိမှာပါ။ ဘာလဲဆိုတော့ အစ်မက သဘာဝအတိုင်း သရုပ်ဆောင်တယ်၊ သဘာဝကျတယ်၊ လွန်မသွားဘူး၊ ပရိသတ်လည်း အများက အဲ့ဒီလိုမြင်ပါတယ်။

 

ဒေါ်ခင်ယုမေ ။ ။ ကိုယ်က အပြင်မှာလုပ်သလိုပဲ၊ အပြင်မှာပြောသလိုပဲ အဲဒီလိုပဲ ပြောလိုက်တယ်။

 

ကြည်စိုးထွန်း ။ ။ ဟုတ်တယ်၊ အဲဒီလိုပဲ များသောအားဖြင့်တွေ့တာက ဒါကအခု အဲဒီကားလေး ပြန်ကြည့်တော့ ကျွန်တော့်စိတ်ထဲမှာ သတိရသွားတာ၊ အစ်မကားတွေ တော်တော်များများဟာ အစ်မကို ဟာ-အိုဗာအိုက်တင်ပဲကွာလို့ ပြောစရာကား ကျွန်တော့်အရဆိုရင်တော့ ပြောစရာမရှိသလောက်ပါပဲ။ သို့သော်လည်း ဖြစ်ချင်လည်း ဖြစ်ခဲ့ဖူးမှာပဲ ဟုတ်တယ်မို့လား။ ဒါလူကတော့ပြောလို့မရဘူး။ သို့သော်လည်း တော်တော်များများက ကျွန်တော်သိသလောက်က အစ်မ အိုဗာမဖြစ်ခဲ့ဘူး။ သဘာဝအတိုင်းလေးပဲ သရုပ်ဆောင်ခဲ့တာကိုတော့ သွားတွေ့တာပေါ့။ အဲဒီတော့ အစ်မရယ် အဲဒီကနေပြီးတော့တစ်ခါ ကိုမြင့်အောင်နဲ့ ဆိုရင်လည်း အစ်မ “နမ်းမဝတဲ့အာရုံ” တို့၊ “ရွှေညာသူ” တို့၊ “ချစ်လှိုင်းသံ” နောက် “အမြင်မှန်”။

 

ဒေါ်ခင်ယုမေ ။ ။ “နတ်ရေးတဲ့ဖူးစာ”၊

 

ကြည်စိုးထွန်း ။ ။ တော်တော်များများ ကိုမြင့်အောင်နဲ့လည်းတွဲပြီးတော့ သရုပ်ဆောင်ခဲ့ရပါတယ်။ ကိုထွန်းဝေနဲ့ချည်း မဟုတ်ပါဘူး။

 

ဒေါ်ခင်ယုမေ ။ ။ မဟုတ်ပါဘူး။

 

ကြည်စိုးထွန်း ။ ။ အစ်မ ကိုထွန်းဝေနဲ့ အကယ်ဒမီ။

 

ဒေါ်ခင်ယုမေ ။ ။ စောစောပိုင်းဟာပေါ့။

 

ကြည်စိုးထွန်း ။ ။ အကယ်ဒမီရတော့ကိုထွန်းဝေကြီးက များတယ်ထင်တာပါ။

 

ဒေါ်ခင်ယုမေ ။ ။ ကိုထွန်းဝေနဲ့က စစဦးတုန်းက တွဲတာများတာဆိုတော့လေ။

 

ကြည်စိုးထွန်း ။ ။ တစ်နေ့ကပဲ ကျွန်တော်နဲ့ ဦးထွန်းလှိုင်နဲ့ မင်းသားကြီးတွေ အကြောင်းပြောတာပေါ့။ အစ်မရယ်။ ကိုထွန်းဝေတို့၊ ကိုမြတ်လေးတို့၊ ကိုနေဝင်းတို့၊ နောက်ပြီးတော့ ဆရာသင်တို့ပေါ့၊ မောင်သင်တို့အကြောင်း ပြောကြတာပေါ့။ ပြောကြတဲ့အခါ အရင်တုန်းက မင်းသားကြီးတွေ အစ်မတို့တွဲခဲ့ရတဲ့ မင်းသားတွေကလည်း ကောင်းတယ်အစ်မရဲ့။ ဘယ်လိုခေါ်မလဲ၊ ခန့်ခန့်ထည်ထည်နဲ့ နောက်ပြီးတော့ အဝတ်အစားကို ဦးစားမပေးဘူး သူက။ အမူအရာကို ဦးစားပေးပြီးတော့ ကိုယ်ပိုင် အိုက်တင်တွေ ရှိကြတယ်။

 

mdn

 

ဒေါ်ခင်ယုမေ ။ ။ ကိုထွန်းဝေဆို အဝတ်အစားဖိုး တော်တော်နည်းတယ်၊ လေးစုံဆိုပြီးပြီ။ ပုဆိုးလေးထည်၊ ရှပ်အင်္ကျီလေးနဲ့ တိုက်ပုံတစ်ထည်ရှိရင်ပြီးပြီ၊ သူကဒါပဲ ဘာမှမကုန်ဘူး။

 

ကြည်စိုးထွန်း ။ ။ ဟုတ်တယ်အစ်မ၊ သူတို့က အဝတ်အစားတွေ ဘာတွေနဲ့ ပေါ်ပြူလာဖြစ်တဲ့ပုံစံမျိုး၊ ဒီဇိုင်းတွေဘာတွေ ကိုရီးယားမင်းသားတွေလို အလိမ်အကောက်တွေ အတွန့်တွေ အတက်တွေလည်း မရှိဘူး။ ရုပ်ကြီးတွေကလည်း ခန့်ခန့်ထည်ထည်ကြီးတွေ။ အခုခေတ်က တချို့မင်းသားတွေကျ ယောက်ျားလား၊ မိန်းမလားတောင်မှ ကိုယ်ကမသိရတာမျိုးရှိတာ။ ဒီရုပ်ကြီးတွေတော့ သိပ်သိသာတယ်၊ တကယ့် ခန့်ခန့်ထည်ထည် ယောက်ျားကြီးတွေနော်။ အဲဒီလူတွေနဲ့ အစ်မတို့နဲ့ ယှဉ်တွဲ သရုပ်ဆောင်ခဲ့ရတဲ့ အခါကျတော့လည်း တော်တော်လေးကို တစ်ဖက်နဲ့ တစ်ဖက်ပေါ့ သိပ်ကောင်းတာပဲနော်။ တွဲဖက်ညီကြတာပေါ့။

 

ဒေါ်ခင်ယုမေ ။ ။ ဘာပဲဖြစ်ဖြစ် မင်းသားတွေက အသက်ကြီးရင် မင်းသမီးငယ်ငယ်နဲ့တွဲလို့ လိုက်ဖက်တယ်လေ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

 

ဒေါ်ခင်ယုမေ ။ ။ မင်းသမီးက အကြီးကြီးနဲ့ မင်းသားငယ်ငယ်ဆို သိပ်မလိုက် ဖက်ဘူးပေါ့။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

 

ဒေါ်ခင်ယုမေ ။ ။ မမထားတို့၊ အပါတို့က လွဲလို့ပေါ့လေ။

 

ကြည်စိုးထွန်း ။ ။ ဇာတ်အရ ဆိုရင်တော့ ဟုတ်တာပေါ့နော်။

 

ဒေါ်ခင်ယုမေ ။ ။ ဟိုတုန်းကဆိုရင် မင်းသမီးတွေက တော်တော် အသက်ငယ်တယ် ။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

 

ဒေါ်ခင်ယုမေ ။ ။ မင်းသားတွေက အသက်ကြီးတယ်။

 

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။ ဒေါ်ခင်ယုမေ ။ ။ အနည်းဆုံးမရှိဘူးဆို ဆယ်နှစ်တို့၊ ဆယ့်နှစ်နှစ်တို့ အဲဒီလောက်ကြီးတဲ့ လူတွေချည်းပဲ။ ဒယ်ဒီဖိုးပါကြီးဆို အစ်မတို့အဖေနဲ့ သူငယ်ချင်း။

 

ကြည်စိုးထွန်း ။ ။ ဪ - သမီးအရွယ် တွဲရတာပေါ့နော်။

 

ဒေါ်ခင်ယုမေ ။ ။ ဟုတ်တယ်။

 

ကြည်စိုးထွန်း ။ ။ အစ်မကလည်း တကယ့်ကိုခန့်ခန့်ထည်ထည် ကိုယ်လုံးကြီးကြီး မောင်စကြဝဠာနဲ့လည်း အစ်မတစ်ကားရိုက်ဖူးပါတယ်။

 

ဒေါ်ခင်ယုမေ ။ ။ ကိုဘကွန်းကြီးနဲ့။

 

(ဆက်လက်ဖော်ပြပါမည်)