မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) အောင်မြင်စွာကျင်းပပြီးစီး ပုလဲအတွဲပေါင်း(၃၈၄)တွဲအား ယူရိုငွေ ၂၄၄၅၈၂၁ ဖြင့် ရောင်းချနိုင်ခဲ့

articles_advs

နေပြည်တော်  ၁၃   ဒီဇင်ဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲပြသ ရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction (December-2019) နောက်ဆုံးနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ဆက်လက်ကျင်းပသည်။

 

mdn

 

ယနေ့ ပုလဲရောင်းချပွဲသို့ ပြည်ပပုလဲကုန်သည် (၁၅)ဦးနှင့် ပြည်တွင်း ပုလဲကုန်သည် (၉၄)ဦး စုစုပေါင်း (၁၀၉)ဦး တက်ရောက်ဝယ်ယူကြသည်။

 

ပုလဲရောင်းချပွဲနောက်ဆုံးနေ့တွင် ကုမ္ပဏီပိုင်ပုလဲအတွဲ ပေါင်း(၁၁၀)ကိုဆက်လက် ရောင်းချခဲ့ရာ ပုလဲအတွဲ(၈၆)တွဲကို ယူရိုငွေ (၅၈၉၁၂၂)ဖြင့် ရောင်းချခဲ့ရသည်။

 

mdn

 

အဆိုပါ ပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲပေါင်း(၂၇၀) တင်ပြခဲ့ရာအတွဲ (၂၇၀)လုံး ရောင်းချခဲ့ရသဖြင့် (၁၀ဝ)ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်ဝင်ငွေ ယူရိုငွေ (၁၆၀၅၃၅၉) ရရှိခဲ့သည်။ ကုမ္ပဏီပိုင် ပုလဲအတွဲ (၁၄၅)တွဲ တင်ပြခဲ့ရာ (၁၁၄)တွဲ ရောင်းချနိုင်ခဲ့ပြီး ဝင်ငွေ ယူရို (၈၄၀,၄၆၂) ရရှိခဲ့သည်။

 

mdn

 

မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉)တွင် နိုင်ငံပိုင် ပုလဲအတွဲပေါင်း (၂၇၀) နှင့် ကုမ္ပဏီပိုင် ပုလဲအတွဲ(၁၄၅)တွဲ စုစုပေါင်း ပုလဲအတွဲ ပေါင်း(၄၁၅)တွဲ တင်ပြရောင်းချခဲ့ရာ ပုလဲအတွဲစုစုပေါင်း (၃၈၄)တွဲကို ယူရှိငွေ(၂၄၄၅,၈၂၁)ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

မျိုးသူဟိန်း