မြန်မာပြည်ဖွား ချစ်စရာတိုင်းရင်းသားများ စာအုပ်ထွက်ရှိ

၄ ဇူလိုင်

 

ကလေးသူငယ်များ ဗဟုသုတရရှိနိုင်စေရန် စာရေးသူ လင်းသက်ခိုင်စီစဉ်ရေးသားသည့် မြန်မာပြည်ဖွား ချစ်စရာတိုင်းရင်းသားများ စာအုပ်ထွက်ရှိလာသည်။

 

2

 

ကလေးသူငယ်များတိုင်းရင်းသားလူမျိုးများအကြောင်းကို သိရှိလိုသောစိတ်ဖြင့် တိုင်းရင်းသား လူမျိုးများအကြောင်း စာအုပ်များကို ရှာဖတ်ခြင်းဖြင့် ကလေးသူငယ်များနှင့်ကိုက်ညီမည့် ဗဟုသုတကိုမှန်းပြီး သိသင့်သိထိုက်သည်များကို ရေးဖွဲ့လိုက်ခြင်းဖြစ်သည်။ ကလေးသူငယ်များ ဖတ်နိုင်သည့် မြန်မာပြည်ဖွား ချစ်စရာတိုင်းရင်းသားစာအုပ်ကို ပြုစုထုတ်ဝေလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားများသည် မြန်မာနိုင်ငံအနှံ့တွင် နေထိုင်ကြပြီး ဒေသမတူညီသဖြင့် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကွဲပြားခြားနားသည်ကို ကလေးသူငယ်များသိရှိနိုင်စေရန် ရည်ရွယ်၍ ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်