မြန်မာနိုင်ငံထွက် ဖရဲသီးနှင့်အခြားသစ်သီးဝလံများကို  တရုတ်ဝယ်လိုအား ရှိနေသော်လည်း လမ်းကြောပိတ်ဆို့မှုများကြောင့် တောင်သူများ ဆုံးရှုံးမှုမြှင့်တက်

မူဆယ် ၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံ အရပ်ရပ်ဒေသများမှ စိုက်ပျိုးရောင်းချသော သစ်သီးဝလံများမှ ဖရဲ၊ သခွား၊ စပျစ် အစရှိသော သစ်သီးမျိုးစုံကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ဝယ်ယူစားသုံးလျှက် ရှိနေကြောင်း သိရသည်။

 

အထားမခံသော သစ်သီးဈေးကွက် ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ ကုန်စည်ဖလှယ် ဆောင်ရွက်ခြင်းဖြင့် ဒေသတစ်ခုမှ တစ်ခုသို့ လျှင်မြန်စွာ ကူးပြောင်းဆက်သွယ်လျှက် ရှိနေသည်။ သို့သော်မြန်မာနိုင်ငံ၊ မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဇုံ၌ သစ်သီးဝလံ ရာသီချိန်များ ရောက်ရှိချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြသာနာကို တွေ့ကြုံနေရဆဲဖြစ်သည်။


 
တဖက်နိုင်ငံ ဝမ်တိန်ဘက်အခြမ်းရှိ သစ်သီးဝလံကုန်စည်ဒိုင်၏ တာဝန်ခံအရာရှိ တစ်ဦးက “ကုန်ပစ္စည်း၏ သက်တမ်း၊ ကြာရှည်ထိမ်းသိမ်းနိုင်မှုစွမ်းရည်၊ အရာသာတည်ရှိနေမှုတို့ကို မူတည်ပြီး ရရှိရောင်းချရသော ဈေးပမာဏ ကွဲပြားတယ်” ဟုလည်း ဆိုသည်။ မူဆယ်မြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၀၅)မိုင်မှ လေလံပြီးမြောက်သွားသော သစ်သီးများကို တဖက်နိုင်ငံ ဝမ်တိန်ဘက်အခြမ်းသို့ ဖြတ်သန်းရောက်ရှိပြီးချိန်၌ မိမိတို့ကုမ္ပဏီ ကုန်စည်ဒိုင်သို့ ရောက်ရှိလာသော သစ်သီးဝလံများကို အချိန်မနှောင့်နှေးစေပဲ သတ်မှတ်ကုန်စည် စစ်ဆေးလွဲပြောင်းရာ နေရာများတွင် နှစ်တစ်နှစ်၏ ရာသီပေါ် သီးနှံအချိန်ရောက်သည့် အောက်တိုဘာလမှ နောင်နှစ်၏ မေလအထိ သစ်သီးပွဲရုံများကို ပုံမှန်လည်ပတ် ရောင်းဝယ်သည်ဟု သိရသည်။  တစ်ရက်လျှင် ကားအစီးရေ (၂၀၀) ဝန်းကျင် ဝင်ရောက်လျှက်ရှိနေသည်။

 

မြန်မာဘက်အခြမ်း၌ ယာဉ်ကြောပိတ်ဆို့မှု ရှိနေသောကြောင့် မဝင်ရောက်နိုင်သော သစ်သီးဝလံကားများ များစွာရှိနေသည်ဟု သိရသည်။ ဝင်လို့မရတဲ့အတွက်လည်း ဒီမှာ စားသုံးသူတွေအတွက် အဆင်မပြေသလို စိုက်ပျိုးကြတဲ့ တောင်သူတွေအတွက်လည်း အဆင်မပြေပါဘူး။ ကျွန်မတို့ ဒီဝမ်တိန်မှာရှိတဲ့ ကုမ္ပဏီမှာဆိုရင် မြန်မာနိုင်ငံသား အလုပ်သမား (၂၀၀၀) ကျော်လောက်ရှိပါတယ်၊ အားလုံးနီးပါကြ မြန်မာနိုင်ငံသားတွေပါပဲ၊ ကုမ္ပဏီ ထဲကိုလာတဲ့ မြန်မာဘက်က သစ်သီးကားတွေအားလုံးကို ကုန်တင်ခ တရုတ်ငွေယွမ် (၁၅) ယွမ် ကောက်ပါတယ်။အခြားဘာမှ မကောက်ခံပါဘူး။ တရုတ်ဘက်အခြမ်းက ကားတွေဆိုရင်တော့ အားလုံးကို သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းကောက်ခံပါတယ်ဟု ဆိုပါသည်။

 

ဒီကုမ္ပဏီရဲ့ ဝင်းဧရိယာထဲမှာဆိုရင် ကားအစီးရေ (၈၀၀) စီးလောက်ကို အချိန်တစ်ခုတည်းမှာ ထားနိုင်ပါတယ်။ မိမိတို့ ကုမ္ပဏီ ဝင်းထဲကို ရောက်ရှိလာတဲ့ သစ်သီးဝလံကားတွေကို လုံခြုံရေးအရကော၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်လို့ကော စစ်ဆေးလျှက်ရှိနေပြီး ဒီနေ့အချိန်အထိ မူးယစ်ဆေးဝါးနှင့်ပတ်သက်လို့ ဖမ်းဆီးရမိခြင်းမရှိ သင်္ကာမကင်းဖြစ်မှု မတွေ့ရဘူးလို့ ဆိုပါသည်။ ကျွန်မတို့ ကုမ္ပဏီကို တရုတ်နိုင်ငံအတွင်းရှိမြို့ကြီးများကနေ လာရောက်ပြီး ဒီသစ်သီးတွေကို ဝယ်ယူတင်ပို့မှုကတော တရုတ်ပြည်ရှိ ရှီးစန်းနှင့် ဟိုင်နန်မြို့ကြီးကလွဲပြီး ကျန်တဲ့မြို့တွေ အကုန် တင်ပို့ရောင်းချပါသည်" ၎င်း ကုမ္မဏီမှ တာဝန်ခံ အရာရှိက ရှင်းလင်းပြောကြားပါသည်။

 

အဲဒီ ကုမ္ပဏီရဲ့ ဝင်းအတွင်းမှာတွေ့ရတဲ့ ကားတွေမှာသစ်သီးတင်ပို့မှု ပုံစံကတော ကားတစ်စီးကို တန်(၁၀၀)သတ်မှတ်ပြီးတင်ပို့သည်ဟုသိရပါသည်။

 

ထို့အပြင် ဝမ်တိန်ရေထွက်ပစ္စည်း ကုန်သွယ်ရေးဇုံလည်း ရေထွက်ပစ္စည်းများ ဖြစ်သော ဂဏန်းများ ထုတ်ပိုးချင်တွယ်နေမှုကို တွေ့ရှိရသည်။ (၁) ဖာလျှင် ဂဏန်းအပျော့ (၂၄) ကီလို ထည့်သွင်းချိန်တွယ်ပြီး သတ်မှတ်ချိန်အရောက် ၎င်းတို့၏ အနီးဆုံးမြို့ကြီးများက မှာယူစားသုံးသည်ဟု သိရသည်။ အလုပ်သမားအများစုအနေဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ၊ပုသိမ်မြို့ အစရှိသော ပင်လယ်နှင့်နီးသည့်ဒေသများမှ အလုပ်သမားများ လာရောက်လုပ်ကိုင်ကြသည်။ ဝမ်တိန်ရေထွက်ပစ္စည်းကုန်သွယ်ရေးဇုံ၏ ကုမ္မဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ မညိုချောကလည်း" ဒီမှာဆိုရင် တစ်လကိုလုပ်အားခ တရုတ်ယွမ် (၁၇၀၀)ယွမ်ကနေ အဆင့်ဆင့်ရပါတယ်။အလုပ်ကျွမ်းကျင်မှုအလိုက်လစာရရှိမှုကကွာပါတယ်။ ကျန်းမာရေးအတွက်ကလည်း တစ်ပတ်ကိုတစ်ခါ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးတယ်၊ အလုပ်ချိန်ကလည်း ဒီရေထွက်ပစ္စည်းကားတွေ အများဆုံး ဝင်ရောက်တဲ့အချိန်မှာ အလုပ်အများဆုံးအချိန်" လို့ သိရသည်။

 

ယခုအချိန်တွင် မြန်မာနိုင်ငံ မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် နယ်စပ်ဖြတ်ကျော်ရာ၌ ကုန်သည်များ၊ ကားသမားများ၊ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းခြင်း၊ တဖက်နိုင်ငံ၏ စစ်ဆေးမှု တင်းကြပ်ခြင်း နည်းပညာပြောင်းလဲ စစ်ဆေးမှုများကြောင့် ဖြတ်သန်းသွားသော ကားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ဝမ်တိန်၊ ကြူကုတ်၊ ပန်ဆိုင်းလမ်းသည် လမ်းဧရိယာ ကျဉ်းခြင်းတို့ကြောင့် ယာဉ်များသွားလာမှု ခက်ခဲခြင်းများ ဖြစ်ပေါ်လျှက်ရှိနေပါသည်။

 

ယင်းလမ်းပိတ်ဆို့မှုကြောင့် သစ်သီးဝလံ ကုန်စည်များ၏တန်ဖိုး ယခုအချိန်တွင် တရုတ်ယွမ်ဘီလီယံ(၂၀)ခန့် ဆုံးရှုံးလျှက်ရှိနေကြောင်း ဝမ်တိန်ဘက်အခြမ်းရှိ သစ်သီးရောင်းဝယ်ရေးဒိုင်မှ မန်နေဂျာကပြောသည်။

 

ဟန်ဌေး(လားရှိုး)
ခရိုင်ပြန်/ဆက်