မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း မင်းရာဇာအား အပြစ်ပေးသွားရန်ရှိ

ရန်ကုန် ၁၂  ဇွန်

 

တရားဉပဒေဖြင့် အမှုရင်ဆိုင်နေရသည့် သရုပ်ဆောင်မင်းရာဇာအား တရားဉပဒေဖြင့် စီရင်ဆောင်ရွက် ပြီးဆုံးပါက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ် တစ်စုံတစ်ရာ သတ်မှတ်သွားရန် ရည်ရွယ်ထားသည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံ အလွှာမှ တာဝန်ရှိသူ ဉီးဝင်းမြိုင်ထံက သိရှိရသည်။

 

ဒါက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သတ်မှတ်ထားတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေ အတိုင်းပြု လုပ်ရမှာကို ပြောတာပါ။ ကျွန်တော်တို့အစည်းအရုံးမှာ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံ ရတာမျိုးဖြစ်လာရင် သို့မဟုတ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဂုဏ်သရေညိုးနွမ်းအောင် လုပ်တာဖြစ်စေ အဲဒီလိုလုပ်ရင် အဖွဲ့ချုပ်ကနေ ယာယီဖြစ်စေ၊ ရာသက်ပန်ဖြစ်စေ ထုတ်ပယ်ရမယ်ဆိုတဲ့ ပြစ်ဒဏ်က ရှိပါတယ်ဟု ၄င်းက မီဒီယာများအား ဖြေကြားထားသည်။လက်ရှိတွင် သရုပ်ဆောင် မင်းရာဇာ အပါအဝင်လေးဉီးသည် အိမ်အကူ အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ အပြင်းအထန် နာကျင်စေမှုများဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

 

ကိုလင်း