မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ PRI၊ JFC တို့အကြား SMEs ချေးငွေစိစစ်ခြင်းဆိုင်ရာ နည်းပညာပံ့ပိုးမှုအစီအစဉ် MoU လက်မှတ်ရေးထိုး

မြန်မာနိုင်ငံရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်လျက်ရှိသော ချေးငွေထုတ်ချေးခြင်း လုပ်ငန်းစဉ်များတွင် အထောက်အကူပြုစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ Policy Research Institute, Japan Finance Corporation တို့အကြား SME ချေးငွေစိစစ်ခြင်း နည်းပညာပံ့ပိုးမှု အစီအစဉ် Pharse II အတွက် MoU လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်၊ မြန်မာ့ စီးပွားရေးဘဏ်တွင် ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့သည်။ 
 
 
အဆိုပါ အစီအစဉ် Pharse II တွင် PRI နှင့် JFC တို့က ပြည်တွင်း၊ ပြည်ပဆွေးနွေးပွဲ (၄)ကြိမ် ကျင်းပဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများ၏ အရည်အသွေး တိုးမြှင့်ရေးနှင့် အာမခံမဲ့ SMEs ချေးငွေစိစစ်ခြင်းနည်းလမ်းများကို ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်သည်။  MoU ပါ အစီအစဉ် တစ်ခုအဖြစ် ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဒုတိယအကြိမ် SME ချေးငွေဆိုင်ရာစိစစ်ခြင်း နည်းပညာဆွေးနွေးပွဲတွင် PRI နှင့် JFC တို့မှ တာဝန်ရှိသူများက ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
 
 
(သတင်းစဉ်)