မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြလွှာများခေါ်ယူ

ရန်ကုန် ၆ နို၀င်ဘာ      

 

မြန်မာ-ဂျပန်အသင်း (MJA) သည် "မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆု" အဖြစ် ၂၀၁၉ ဒီဇင်ဘာ ၁ ရက်တွင်စတင်မည့် ၂၀၁၉-၂၀၂၀ စာသင်နှစ်အတွက် တက္ကသိုလ်ဒုတိယနှစ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၅) ဦးအား တစ်ဦးလျှင် ကျပ်(၅)သိန်းနှုန်းဖြင့် တက္ကသိုလ်အလိုက် အောက်ပါအတိုင်း စိစစ်ရွေးချယ်ပေးအပ်သွားမည် ဖြစ်သည်။

 

(၁) ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်  (YUFL)  [ဂျပန်ဘာသာအဓိက] (၁၅) ဦး

(၂) မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်  (MUFL)  [ဂျပန်ဘာသာအဓိက] (၁၅) ဦး

(၃) ပညာရေးတက္ကသိုလ် (ရန်ကုန်) (၁၀) ဦး

(၄) ပညာရေးတက္ကသိုလ် (စစ်ကိုင်း) (၁၀) ဦး

(၅) စီးပွားရေးတက္ကသိုလ် (ရန်ကုန်) (၁၀) ဦး

(၆) နည်းပညာတက္ကသိုလ် (ရန်ကုန်) (၅) ဦး

(၇) ယဉ်​ကျေးမှုတက္ကသိုလ် (ရန်ကုန်) (၅) ဦး

(၈) သူနာပြုတက္ကသိုလ် (ရန်ကုန်) (၅) ဦး

 

အဆိုပြလွှာများကို မြန်မာ-ဂျပန်အသင်းမှ သတ်မှတ်ထားသည့် အဆိုပြုလွှာများကို အသုံးပြု၍သာလျှင် မြန်မာ-ဂျပန်အသင်းသို့ (၃၁-၁၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြုလွှာများအား တက္ကသိုလ်များအလိုက် ပေးပို့ထားရှိပြီး ဖြစ်၍ အသေးစိတ်အချက်အလက်များကို တက္ကသိုလ်အလိုက် စုံစမ်းဆက်သွယ်ရယူ၍ လျောက်ထားနိုင်ကြောင်း သိရှိရသည်။

 

MDN