မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်း လှည့်ကင်းဆောင်ရွက်

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

မောင်တောမြို့၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူး ထွန်းထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ် (ဝ၀၄)ပါ(၂) စီးဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Nhilla ကင်းစခန်းမှ Subedar Md. Usuf Ali ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် (၂)စီးဖြင့်လည်းကောင်း၊ စုစုပေါင်း(၄)စီးတို့သည် စံပယ်ပင်ရင်း ချောင်းဝအနီး နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်းဝအနီး ရေမိုင်အမှတ်(၁၅)ထိ နတ်မြစ်ကြောင်းအတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (ဝ၀၄)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

MDN