မင်းတုန်း၊ ဟိုပုံး၊ ဆီဆိုင်၊ မက်မန်း၊ မိုင်းပျဉ်း၊ လွိုင်လင်နှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၃၈.၅၅ ဧကခန့် ဖျက်ဆီး

နေပြည်တော် ၂၁ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်က မင်းတုန်းမြို့နယ်၊ မင်းကွေ့ကျေးရွာ၏ မြောက်ဘက် ၁၃ မိုင် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေမှ ၂ ပေခွဲခန့်ထိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂.၅ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ ဇန်နဝါရီ ၂၀ ရက်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ပန်ခတ်ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာ၌ အမြင့် ၄ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပန်းအောင်းကျေးရွာ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်၊ မက်မန်းမြို့နယ်၊ ကောင်းခွမ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေမှ ၃ ပေထိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃.၀၅ ဧကခန့်၊ မိုင်းပျဉ်းမြို့နယ်၊ နောင်ကွဲကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၊ ပါထားကျေးရွာ၏ တောင်ဘက် ၄ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်၊ မိုင်းပျဉ်းမြို့နယ်၊ နားပယ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆.၂ ဧကခန့်၊ လွိုင်လင်မြို့နယ်၊ ဟိုနားကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၊ ပန်းတိုင်ကျေးရွာ၏ အရှေ့ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်းအမြင့် ၆ လက်မမှ ၂ ပေခန့်ထိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၀.၈ ဧကခန့်နှင့် ငဖဲမြို့နယ်၊ ပဘဲကျေးရွာ၏ အနောက်တောင်ဘက် ၇ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁ ဧကခန့်တို့အား သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား