မင်းတပ်မြို့နယ်ရှိ ဒေသခံပြည်သူများသို့ နှာခေါင်းစည်းများ အခမဲ့ပေးအပ်

မင်းတပ်  ၂၉ မေ

 

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၄၆ အုပ်စုရှိ အိမ်ထောင်စုများအတွက် နှာခေါင်းစည်းများကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မင်းတပ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

 

မင်းတပ်မြို့နယ်ရှိ အလှူရှင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ နှာခေါင်းစည်း စုစုပေါင်း ၄၈၇၅၁ ခု လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ နှာခေါင်းစည်းများမှာ ပြန်လျှော်သုံး၍ရသော နှာခေါင်းစည်းများဖြစ်ကြောင်း သိရသည်။

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)