မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း Face Shield များ အခမဲ့ဖြန့်ဝေပေး

မင်းတပ်  ၂၆  စက်တင်ဘာ

 

မင်းတပ်မြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုစေရန်ရည်ရွယ်၍ အရှေ့ပြင်ရပ်ကွက်နေ ဦးဆန်းထွန်း (CB Bank – Agent & Wave Money) မိသားစုမှ မျက်နှာအကာ(Face Shield) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

မင်းတပ်မြို့မစျေးရှိ စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအတွက် နှာခေါင်းစည်း (Mask) တပ်ထားရုံနဲ့ ရောဂါကူးစက်မှုအပြည့်အဝ ကာကွယ်နိုင်ခြင်းရှိမည် မဟုတ်သည့်အတွက် မျက်နှာအကာ(Face Shield) အခု ၇၀၀ ကို လူသွားလူလာများသည့် မြို့မစျေးရှေ့၌ အခမဲ့ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းတပ်မြို့စည်ပင်နယ်နိမိတ်အတွင်းရှိ စျေးဆိုင်များအနက် အခြေခံစားသောက်ကုန်နှင့် အရေးကြီးကုန်စည်ရောင်းချသည့် စျေးဆိုင်များကိုသာ အချိန်အကန့်သတ်ဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း သိရသည်။

 

မောင်းအောင်(ပြန်/ဆက်)

 

mdn