မြင်းမူမြို့နယ် ပျော့ရွာ အဆင့်မြင့်လယ်ယာမြေတွင် စိုက်ပျိုးထားသည့် မိုးကြိုပဲတီစိမ်း ရေဆင်း(၁၁) စိုက်ပျိုးတောင်သူများ အမြတ်ငွေပိုမိုရရှိ

မြင်းမူ   ၂၈   မေ

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာ အဆင့်မြင့်လယ်ယာမြေတွင် ဒေသခံတောင်သူများနှင့် GSR ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း စိုက်ပျိုးထားရှိသော မိုးကြိုရေဆင်း(၁၁) ပဲတီစိမ်းစိုက်ခင်းများမှာ ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ရွာက တောင်သူ(၁၃)ဦးပိုင် မြေ(၂၇)ဧကကို GSR ကုမ္ပဏီက မျိုးစေ့နဲ့ ဓာတ်မြေဩဇာတွေ ပံ့ပိုးပေးတာဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ နည်းပညာကို ရယူစိုက်ပျိုးထားတာ ဖြစ်ပါတယ်၊ စရိတ်အနေနဲ့ (၁)ဧကကို ထွန်ရှင်းခနဲ့ လုပ်အားခပေါင်း ကျပ် ၂၀ဝ၀ဝ၀ လောက် ခန့်မှန်းကုန်ကျပါတယ်။ (၁)ဧကကို (၂၃)တင်း အနည်းဆုံး ထွက်ရှိမှဖြစ်တဲ့အတွက် ယခုလက်ရှိ ဒီကုမ္ပဏီကပဲ အပြင်ပေါက်ဈေးထက် (၁)တင်းကို ငွေကျပ် ၂၀ဝ၀ ပိုဆောင်းပေးပြီး ငွေကျပ် ၄၂၀ဝ၀ နဲ့ ပြန်လည်ပြီး ဝယ်ယူပေးတဲ့အတွက် အရင်းနုတ်ပြီး အမြတ်ငွေ ကျပ် ၇၆၀ဝ၀ဝ ကျော် ရရှိမှာဖြစ်ပါတယ်” ဟု ပဲတီစိမ်းစိုက်ခင်းပိုင်ရှင် ဦးဝင်းထွန်း၏ ပြောကြားချက်အရ သိရှိရသည်။

 

‌ေ

 

ယင်းစိုက်ကွင်းအတွင်း GSR ကုမ္ပဏီနှင့် ပူးပေါင်းကာ ရေဆင်း(၁၁)ပဲတီစိမ်း (၂၇)ဧကအပြင် ရေဆင်း(၁၄) ပဲတီစိမ်းမျိုးအပါအဝင် ပဲတီစိမ်းဧက (၃၀ဝ)ကို စိုက်ပျိုးထားရှိကြောင်း၊ ရေဆင်း(၁၁)က ရရှိလာတဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များကို လိုအပ်တဲ့တောင်သူတွေအနေနဲ့ ပြန်လည်ဝယ်ယူ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခင်မောင်ဌေးထံမှ သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)