မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးက ရုံးဝန်ထမ်းများအား ဆန်များထောက်ပံ့ပေးအပ်

မင်းလှ ၉ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးက မဟာသင်္ကြန်ကာလအတွင်း အဆင်ပြေစွာ နေထိုင်စားသောက်နိုင်စေရန် ရည်ရွယ်၍ ရုံးဝန်ထမ်းများအတွက် ဆန်များထောက်ပံ့ပေးခြင်းကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးကြည်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက ဆန်များထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး မိမိကိုယ်ကို ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုပြု နေထိုင်သွားကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးကြည်ဌေး၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ရှိသူများက အမြဲတမ်းဝန်ထမ်း ၁၃ ဦး၊ (ပုတ်ပြတ်) ဝန်ထမ်း ၈ ဦး စုစုပေါင်း ရုံးဝန်ထမ်း (၂၁)ဦးအား ကိုယ်အပူချိန်တိုင်းကိရိယာများဖြင့် ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Surgical Mask) များ ပေးဝေခြင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီအား ငွေကျပ် ၂၈၅၀၀ တန်ဖိုးရှိ ဆန်အိတ် (၁)လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးထံမှ သိရသည်။  

 

ရဲဝင်းနိုင်