မင်းလှမြို့၌ ယာယီပိတ်ထားသည့် ဇေယျာသီရိဈေးအား ပြန်လည်ဖွင့်လှစ်

မင်းလှ စက်တင်ဘာ ၁၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ ဇေယျာသီရိဈေးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှု မရှိစေရန်နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် ဇူလိုင် ၉ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ယာယီပိတ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ဇေယျာသီရိဈေး ပြန်လည်ဖွင့်လှစ်ရာတွင် ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် နှာခါင်းစည်း (Mask) တပ်ဆင်ပြီးမှ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန်၊ ဈေးဖွင့်ချိန်ကို နံနက် ၆ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရ‌သေးသည့် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စည်ပင်သာယာရေး ဝန်ထမ်းများက စာရင်း ကောက်ယူပေးလျက်ရှိသည်။

 

ဇာဇာ(အထက်မင်းလှ)