မြင်းခြံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်

မြင်းခြံ  ၁၅  ဇူလိုင် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြင်းခြံမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်(CERP) အရ ဖွင့်လှစ်သော မေထုန်မဲ့သားစပ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြင်းခြံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကောင်းမြတ်ဟိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များ၊ သင်တန်းတက်ရောက်ရာမှ မွေးမြူရေး၊ တိရိစ္ဆာန်များနှင့် ၎င်းတို့၏ ထုတ်ကုန်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည့် အကျိုးကျေးဇူးဆိုင်ရာ အချက်အလက်များ စသည်ဖြင့် အမှာစကား ပြောကြာခဲ့သည်။ 

 

ထို့နောက် မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဝင်းကလည်း သင်တန်းနှင့်ဆက်စပ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်သန်းသူ ၂၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ ကျွဲနွားမွေးမြူ ထုတ်လုပ်သင်တန်း၊ သိုးဆိတ်မွေးမြူထုတ်လုပ်သင်တန်း၊ ဝက်မွေးမြူထုတ်လုပ်သင်တန်း၊ ကြက်မွေးမြူထုတ်လုပ် သင်တန်းတို့ကိုလည်း အဖွဲ့ (၃)ဖွဲ့ခွဲ၍ ကျေးရွာများအရောက် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ဝင်းထံမှ သိရသည်။    

 

ကျော်စွာ(မြင်းခြံ)