မနေ့က နှုတ်ထွက်ခဲ့တဲ့ မဟာသီယာအား ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန် ဘုရင်က တာဝန်ပေး

၂၅ ဖေဖော်ဝါရီ

 

မလေးရှားဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် က ဝန်ကြီးချုပ်တာဝန်ကနေ  မနေ့ကနေ နှုတ်ထွက်ခဲ့ရာ ဘုရင်က လက်ခံလိုက်ပေမယ့်  မဟာသီယာအား ဝန်ကြီးချုပ်အသစ် မရွေးချယ်သေးခင်အချိန်အထိ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပေးရန် ခန့်အပ်လိုက်ပါတယ်။

 

တနင်္လာနေ့က မဟာသီယာ ဝန်ကြီးချုပ်တာဝန်နဲ့ (Bersatu)ပါတီရဲ့ ဥက္ကဌရာထူးကနေ နှုတ်ထွက်ခဲ့ပေမယ့် ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေးကို မနေ့ညပိုင်းက ကျင်းပပြီး မဟာသီယာရဲ့နှုတ်ထွက်မှုကို ပယ်ချကာ မဟာသီယာကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထောက်ခံသွားမယ်လို့ ပါတီအတွင်းရေးမှူး မာဇူကီ က သတင်းထောက်တွေကို ပြောကြားပါတယ်။

 

မဟာသီယာ နှုတ်ထွက်လိုက်တဲ့အတွက် သူ့ရဲ့မဟာမိတ် Pakatan Harapan အဖွဲ့က အံ့အားသင့်သွားသလို အဖွဲ့ရဲ့ အာဏာကလည်း ဖွဲ့စည်းစကထက် အင်အားနည်းသွားသလို ရှိသွားတာကို တွေ့ရပါတယ်။ အဏ္ဏဝါ အီဘရာဟမ် ကို ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခွင့်မရအောင် ပိတ်ဆို့မှုတွေ ရှိနေတဲ့အတွက် မဟာမိတ်အတွင်းမှာ အင်အားပြိုင်ဆိုင်မှုတွေ ဖြစ်နေတာ လပေါင်းများစွာ ကြာပြီးနောက် မဟာသီယာ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

 

MDN

ကိုးကား -AFP