မန်စီးတီးနှင့်ပွဲတွင် ဖာဘင်ညို ပြန်လည်ပါဝင်မည်

၃၁  ဇန်နဝါရီ

 

လီဗာပူးနဲ့ မန်စီးတီးတို့ကစားမယ့်ပွဲမှာ  လီဗာပူးကွင်းလယ်လူ  ဖာဘင်ညို ပြန်လည် ပါဝင်လာမယ်လို့  နည်းပြကလော့ပ်က‌ ပြောပါတယ်။

 

အသက် (၂၇)နှစ်အရွယ်ဖာဘင်ညိုက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့်  လီဗာပူး နောက်တန်းခံစစ်မှာ ဒဏ်ရာပြဿနာတွေ တောက်လျောက်ကြုံတွေ့လာခဲ့ပြီး နောက်မှာ တော့  ကွင်းလယ်ကနေ  နောက်တန်းနေရာပြောင်းလဲကစားပေးခဲ့ပါတယ်။

 

ဖာဘင်ညိုက လက်ရှိမှာ အသေးစားဒဏ်ရာပြဿနာ ကြုံတွေ့လျက်ရှိတာကြောင့် ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့နဲ့ကစားရမယ့် ပရီမီယာလိဂ်ပွဲစဉ်အပြင် ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲကိုပါ လွဲချော်မှာဖြစ်ပေမယ့်    မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်ဖို့ သေချာကြောင်း နည်းပြကလော့ပ်က ဆိုပါတယ်။

 

လီဗာပူးဟာ စပါးအသင်းကို အနိုင်ရပြီးနောက် ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့် နိုင်ခဲ့ပေမယ့် မန်စီးတီးကလည်း ရှက်ဖီးယူနိုက်တက်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့  မန်စီးတီးဟာ လက်ရှိ ပရီမီယာလိဂ်ချန်ပီယံလီဗာပူးကို  ခုနစ်မှတ်ဖြစ်ထားနိုင်ဆဲပဲ ဖြစ်ပါ တယ်။  ကလော့ပ်ကတော့ ပရီမီယာလိဂ်ပြိုင်ပွဲဟာ စိတ်ဝင်စားစရာပိုမိုကောင်းလာပြီး ဘယ်သူ ချန်ပီယံဖြစ်မလဲဆိုတာကို  ခန့်မှန်းဖို့ခက်တဲ့ အနေအထားလို့ သုံးသပ်ပြောကြား ပါတယ်။

 

မေလဲ့သင်း