မန်စီးတီးအသင်းနှင့် စပါးအသင်း တို့ အိမ်ကွင်းတွင် နိုင်ပွဲကိုယ်စီရယူ

ပရီမီယာလိဂ် ပွဲစဉ်(၁၇)ပွဲစဉ်များကို စနေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်စီးတီးအသင်းနှင့် စပါးအသင်း တို့မှာ အိမ်ကွင်းတွင် နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က ချယ်လ်ဆီးအသင်းကို ရှုံးပွဲကြုံတွေ့ခဲ့သည့် မန်စီးတီးအသင်းသည် ယခုပွဲစဉ်တွင် အဲဗာတန်အသင်းကို အိမ်ကွင်းမှာ အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြကာ သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၂ မိနစ်နှင့် ၅၀ မိနစ်တို့တွင် ဂျေဆူး၊ ပွဲချိန် ၆၉ မိနစ်တွင် စတာလင် တို့က သွင်းယူခဲ့ကြပြီး အဲဗာတန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၅ မိနစ်တွင် လီဝင် က သွင်းယူခဲ့သည်။ 

အခြားပွဲစဉ်အဖြစ် စပါးအသင်းနှင့် ဘန်လေအသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင်စပါးအသင်းက အဲရစ်ဆန်၏ တစ်လုံးတည်းသော နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းဂိုးကို ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမိနစ်တွင် ဟယ်ရီကိန်း၏ ပေးပို့မှုကတစ်ဆင့် အဲရစ်ဆန်က ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပရီမီယာလိဂ် ပွဲစဉ်(၁၇)ပွဲစဉ်အပြီးတွင် မန်စီးတီးအနေဖြင့် ရမှတ် (၄၄)မှတ်ဖြင့် အမှတ်ပေးဇယာ း ပထမနေရာကို ယာယီပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး စပါးအသင်းက ရမှတ် (၃၉)မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေခဲ့သည်။

 

MDN