မံစီမြို့နယ်၌ အသက် (၁၂)နှစ်နှင့်အထက်ရှိ ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

မံစီ  အောက်တိုဘာ   ၂၂

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ အသက် (၁၂)နှစ်အထက်ရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက် ၈ နာရီကစတင်၍ သတ်မှတ်ထားသည့််ဆေးထိုး စုရပ်နေရာများ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မံစီမြို့နယ်အတွင်း ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinovac ကာကွယ်ဆေးဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း(မံစီ)၊ အခြေခံပညာအထက်တန်းကျောင်း (ဟန်ထက်)နှင့် အခြေခံပညာ အထက်တန်းကျောင်း (စီခမ်းကြီး)တို့တွင် ဆေးထိုးစုရပ်များနေရာများ သတ်မှတ်၍ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၃၄၀) ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက တာဝန်ယူကာ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မံစီမြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရှုံးမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)

​​