မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

 

မြန်အောင် စက်တင်ဘာ ၁၅

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ် နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်  ပြုလုပ်ခဲ့သည်။
    

အခမ်းအနားတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည် နှင့် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က အမှာစကား ပြောကြားကြပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြများအားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
   

တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်နည်းပညာ သင်တန်းတွင် ငှက်ပျောဆနွင်းမကင်း၊ ကောက်ညှင်း ဆနွင်းမကင်း၊ အာလူးဆနွင်းမကင်း၊ ကြက်ဥပူတင်း၊ Bubble Tea  ၊ သစ်သီးဖျော်ရည်၊ သီးစုံရေခဲမုန့်၊ နို့ပေါင်မုန့် နှင့်ရေခဲထုတ်ပြုလုပ်နည်း၊ အသီးအရွက်စုံကော်ပြန့်ပြုလုပ်နည်းတို့ကို  စက်တင်ဘာလ(၆)ရက်မှ (၁၅)ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။


အခမ်းအနားသို့မြန်အောင်မြို့ နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ(၃၀) တက်ရောက်ခဲ့ကြသည်။

 

ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက် )