မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၄၉၅ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၆

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၉၄၉၅ ဦး ထပ်မံတွေ့ရှိခဲ့ရသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၀၃၀၉၃၅ ဦး ရှိလာသည်ဟု သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများတွင် ပြည်ပကူးစက်သူ ၁၁ ဦးရှိပြီး ပြည်တွင်းကူးစက်သူ ၁၉၄၈၄ ဦးရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၂၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၂၀၀၉ အထိရှိလာသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၁၇၈၃၃၃၆ ဦး ရှိသည်။

ကိုဗစ်-၁၉ ရောဂါတွေ့ရှိဆဲလူနာ ၂၂၅၅၉၀ ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၂၈၀ ရှိသည်။

နိုင်ငံအတွင်းရှိ လူဦးရေ ၆၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့်၅၄ ဒသမ ၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို