မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေး    ၉  ဇူလိုင်    

 

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး ဉပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အထိ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဌ)မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး အပင်နှင့်သီးနှံ ဖျက်ပိုးမွှားကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်း ရေးဆွဲရာတွင် ပြည့်ပြည့်စုံစုံ ဖြစ်စေရန် အတွက် ဆွေးနွေးခြင်း၊လိုအပ်သည့် အချက်အလက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် ပေါင်းစပ်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းလုပ်ဆောင် ရသူများ ဖြစ်၍ လိုအပ်ချက်များအားဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ အား အပင်နှင့်သီးနှံဖျက်ပိုးမွှား ရောဂါများနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေး၊ ကြိုတင်ကာကွယ် နိုင်ရေး ရောဂါပိုးကျရောက်ပါက စီမံဆောင်ရွက်နိုင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲပုံစသည့် အချက်များ နှင့်ပတ်သက်၍လည်းကောင်း ကော်မတီဝင်များက မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းမှုများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း(ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)