မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက်  စခန်းသွင်းလေ့ကျင့်                                  

စေတုတ္တရာ  ၁၄ ဒီဇင်ဘာ    

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ်၊ (၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စေတုတ္တရာမြို့နယ်၏ ဘောလုံးအသင်းသား အဖြစ် ရွေးချယ်ထားသော လူငယ်လေးများအဖွဲ့စခန်းသွင်း လေ့ကျင့်မှုကို ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါ စေတုတ္တရာမြို့နယ် ဘောလုံးအားကစားအသင်းအနေဖြင့် (၁၉.၁၂.၂၀၁၉) ရက် နေ့ညနေတွင် ဖွင့်လှစ်မည့် ဝန်ကြီးချုပ်ဖလား (၂၁)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှုကို  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍  နည်းပြဆရာ ဦးတင်မင်းလှိုင်က နည်းပြအဖြစ် စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။ 

 

ခင်သန်းလှိုင် (ပြန်/ဆက်)