မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ နိုဝင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀နာရီက မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ် လယ်လှကျေးရွာရှိ တောင်သူဦးရွှေတိုး၏ ရွှေတောင်(၈)စံပြဝါစိုက်ခင်း(၁၀)ဧက စိုက်ပျိုးဖြစ်ထွန်းနေမှု၊        ချည်မျှင်ရှည်ဝါစုပေါင်း ကောက်သိမ်းနေမှု၊  ဒေသထွက်ကုန်များဖြစ်သည့် လက်ရက်ကန်းဖြင့် ရက်လုပ်ထားသော ချည်ထည်များ ပြသထားမှုများအား ကြည့်ရှုအားပေးခဲ့သည်။

 

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချည်မျှင်ရှည်ဝါစိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ‌မြို့နယ်အတွင်း     ဝါစိုက်ပျိုးမှုများနှင့် အခြားသီးနှံများ စိုက်ပျိုးမှုအ‌ခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များအား    လမ်းညွှန်ပြောကြားခဲ့သည်။

 

ထို့နောက် ကျေးရွာနေပြည်သူများမှ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ်  လိုအပ်သည်များအား ပေါင်းစပ်လမ်းညွှန် ဆောင်ရွက်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်လှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုများနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေးခဲ့ပြီး၊ ကျေးရွာနေပြည်သူများမှ        လက်ရက်ကန်းဖြင့်ချည်စောင်၊      ချည်ပုဆိုး     ၊ချည်လုံခြည်၊          ချည်တဘက်  ၊ ဂျပ်ခုတ်လွယ်အိတ်များ ရက်လုပ်နေမှုအားကြည့်ရှု၍        ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ဦးကျေးရွာရှိ တောင်သူဦးအေးသောင်း၏ စံပြဝါစိုက်ခင်း ၅ ဧကစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရားဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား    ကြည့်ရှုအားပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ခန်းမ အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးက မြို့နယ်ခန်းမအဆောက်အဦ ဆောက်လုပ်မှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများမှ ကြိုးစားဆောက်ရွက်သွားကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                                       

ဇာဇာ(အထက်မင်းလှ)