မကွေးခရိုင်အတွင်း ကျေးရွာ ၆၅ ရွာတွင် ငွေကျပ်သိန်း ၁၇၆၀ဝ ဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမိကိန်း ဆောင်ရွက်သွားမည်

မကွေး ၉  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ ကျေးရွာ ၆၅ ရွာတွင် ငွေကျပ်သိန်း ၁၇၆၀ဝ ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ပြောသည်။

 

မကွေးခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိပြီး မကွေးမြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ တောင်တွင်းကြီး မြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ ချောက်မြို့နယ်မှ ကျေးရွာ ၁၂ ရွာ၊ ရေနံချောင်းမြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊ နတ်မောက်မြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊  မြို့သစ်မြို့နယ်မှ ကျေးရွာ ကိုးရွာ စုစုပေါင်း ကျေးရွာ ၆၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မကွေးခရိုင်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို မြို့နယ်ခြောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၅ ရွာမှာ အ‌ကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို COVID-19 ကူးစက်ရောဂါကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် လုပ်ကွက်ငယ်တောင်သူတွေ၊ ထုတ်လုပ်ရောင်းချတဲ့သူတွေ၊ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ လက်ရှိ မှာတော့ စီမံကိန်း မိတ်ဆက်ရှင်းလင်းတာတွေ၊ ကော်မတီဖွဲ့စည်းတာတွေ ဆောင်ရွက်နေပါတယ် ဟု မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ပြောပြသည်။

 

အဆိုပါ စီမံကိန်းကို မကွေးခရိုင်အတွင်း အိမ်ခြေ ၅၀ အောက်ရှိသည့် ကျေးရွာနှစ်ရွာကို တစ်ရွာလျှင်ကျပ်သိန်း ၁၀ဝ၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀ဝ ကြားရှိသည့် ကျေးရွာ ၁၅ ရွာကို တစ်ရွာလျှင် ကျပ်သိန်း ၂၀ဝ နှင့် အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ရှိသည့် ကျေးရွာ ၄၈ ရွာကို တစ်ရွာလျှင် ကျပ်သိန်း ၃၀ဝ ဖြင့် စုစုပေါင်းကျေးရွာ ၆၅ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း ၁၇၆၀ဝ ဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)