Mizzima TV ရုပ်သံလိုင်းမှ သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း သံချပ် ဖျော်ဖြေရေးအစီအစဉ်များ အပါအဝင် ပြည်သူများ ကြိုက်နှစ်သက်မည့် အစီအစဉ်ကောင်းများ ထုတ်လွှင့်ပြသမည်

ရန်ကုန် ၁၁ ဧပြီ

 

မဟာသင်္ကြန်ကာလများဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ Content Provider တစ်ခုဖြစ်သည့် Mizzima TV ရုပ်သံလိုင်းမှ  ပြည်သူများ စိတ်လက်အပန်းပြေစေရန် ရည်ရွယ်၍ သင်္ကြန်သံချပ်အစီအစဉ်များ၊  မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားကောင်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် လတ်တလော အခြေအနေ သတင်းအချက်အလက်များ၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ဖျော်ဖြေရေးအနေနဲ့ သင်္ကြန်သံချပ် ချစ်သူတွေအတွက် မနှစ်က ဗမာသစ်သံချပ်ပြိုင်ပွဲကို ပြန်လွှင့်ဖို့စီစဉ်ထားပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေဆို တစ်နေ့သုံးကားပြသဖို့ စီစဉ်ထားပါတယ်။ သင်္ကြန်ကာလဆိုတော့ နေ့ခင်းပိုင်းမှာ သင်္ကြန်ရုပ်ရှင်တွေပြဖို့ရှိတယ်။ ညပိုင်းမှာလည်း အိန္ဒိယကားတွေ၊ အက်ရှင်ဇာတ်လမ်းတွေ ပြဖို့ရှိပါတယ်။ တရားစခန်း မဝင်ရတဲ့သူတွေအတွက် ဝိပဿနာ တရားတော်တွေကိုလည်း ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်”ဟု Mizzima TV ရုပ်သံလိုင်းမှ အထွေထွေမန်နေဂျာ မအေးသက်က ပြောသည်။

 

ဧပြီ ၁၁ ရက်မှ ၁၉ ရက်အထိ နေ့စဉ် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မဟာသင်္ကြန် သံချပ်ဖျော်ဖြေရေးအစီအစဉ်ကို ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး အနုပညာရှင်နှင့် ပရိသတ်များတွေ့ဆုံ၍ Stay Home ကာလဖြတ်သန်းပုံများကို မျှဝေဆွေးနွေးခြင်း အစီအစဉ်နှင့် Live Panel Discussion အစီအစဉ်ကို ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့ ညနေ ၃ နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်သည်။

 

ဝိပဿနာ အလုပ်ပေးတရားတော်များ၊ တရားရှုမှတ်နည်းများကို နံနက် ၆ နာရီခွဲ၊ နံနက် ၉ နာရီ ၄၅ မိနစ်တို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ Mizzima TV ရုပ်သံလိုင်းတွင် ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ နေ့စဉ် မွန်းတည့် ၁၂ နာရီ တွင် ပြသမည့် မြန်မာသင်္ကြန် ဇာတ်ကားများ

 

ဧပြီ ၁၃ ရက် - သင်္ကြန်ဂိမ်း (အောင်ရဲလင်း၊ ဝတ်မှုန်ရွှေရည်)  

 

ဧပြီ ၁၄ ရက် - အတာလေပြေ (လူမင်း၊ ထွန်းအိန္ဒြာဗို)

 

ဧပြီ ၁၅ ရက် - သင်္ကြန်ဇာတ်လမ်း (ဒွေး၊ တင့်တင့်ထွန်း)         

 

ဧပြီ ၁၆ ရက် - ရင်ခတ်တန်ခူး (ပြေတီဦး၊ နဝရတ်)              

 

ဧပြီ ၁၇ ရက် - လွမ်းရစ်တော့လေ သင်္ကြန်နွေ (ကျော်သူ၊ မြတ်ကေသီအောင်)

 

ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ နေ့စဉ် ည ၁၁ နာရီခွဲတွင် ပြသမည့် အိန္ဒိယရုပ်ရှင် ဇာတ်ကားများ

 

ဧပြီ ၁၃ ရက် - Akira

 

ဧပြီ ၁၄ရက် - Irumbu Thirai

 

 ၁၅ ရက် - Imaikkaa Nodigal

 

ဧပြီ ၁၆ ရက် - Bahubali(1)

 

ဧပြီ ၁၇ ရက် - Bahubali(2)

 

ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ နေ့စဉ် ည ၉ နာရီတွင် ပြသမည့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ

 

ဧပြီ ၁၃ ရက် - Flu

 

ဧပြီ ၁၄ ရက် - Pandemic

 

ဧပြီ ၁၅ ရက် - Contagion ONTAGION

 

ဧပြီ ၁၆ ရက် - Containment

 

ဧပြီ ၁၇ ရက် - Virus စသည့် ဇာတ်ကားများ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ပုံမှန်ထုတ်လွှင့်နေကျ အစီအစဉ်များကိုလည်း ဆက်လက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သီသီမင်း