မိုဝိုင်းလွတ်မြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုဝိုင်းလွတ် ၁၅  ဇန်နဝါရီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် မိုဝိုင်းလွတ်မြို့တွင် နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မိုဝိုင်းလွတ်မြို့ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်၊၊

 

5

         

အဆိုပါ ပွဲတော်သို့  ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ရပ်နီးရပ်ဝေးမှ နာဂတိုင်းရင်းသားများ၊ မိုဝိုင်းလွတ်မြို့နေ မိဘပြည်သူများ တက်ရာက်ဆင်နွဲခဲ့သည်၊၊

 

အခမ်းအနားတွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်ပါ်လာပုံသမိုင်းကျဉ်းကို နာဂယဉ်ကျေးမှု ကော်မတီဝင်ဦးကျော်ပေါ့မှ ရှင်းလင်းပြောကြားခဲ့သည်၊၊ ထို့နောက် လူငယ်များမှ နာဂရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး လူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စာပေါင်မြေဝိုင်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်၊၊

         

နာဂတိုင်းရင်းသားများ၏ ပွဲတော်များအနက် နာဂနှစ်သစ်ကူးပွဲတော်သည် အကြီးကျယ်ဆုံးသော ပွဲတော်ဖြစ်ပြီး အဆိုပါနှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံ ရိတ်သိမ်းပြီးစအချိန်  နောက်တစ်နှစ် တောင်ယာလုပ်ငန်းမဝင်မီ ဇန်နဝါရီလ ၁၅ရက်နေ့တွင် တစ်စုတစ်ပေါင်းတည်း နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလ့ရှိသည်၊၊

 

5

 

နာဂနှစ်သစ်ကူးပွဲတော်ကို နာဂတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ချစ်မြတ်နိုး၍ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန်၊ ရပ်နီးရပ်ဝေးရှိ နာဂတိုင်းရင်းသားများ အားလုံး ပြန်လည်ပေါင်းစည်းတွေ့စုံ ချစ်ကြည်ရင်းနှီးမှု ရရှိလာရန်၊ အခြားသော တိုင်းရင်းသား ညီအစ်အကို မောင်နှမများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး သွေးစည်းညီညွတ်ကာ ငြိမ်းချမ်းရေးကို အစဉ်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်အထွတ်အမြတ်ထား ကျင်းပလျှက်ရှိကြာင်း သိရသည်၊၊

 

                               

နိုင်းခွီရှိန်း ( ပြန်/ဆက်)