မြို့သစ်မြို့နယ်၊ ပုလင်းကြီးအုပ်စု သီးပင်ကျေးရွာတွင်(NEP) စီမံကိန်းဖြင့် လျှပ်စစ်မီးပထမဆုံးရရှိ

မြို့သစ်   ၉   ဇူလိုင်

 

မကွေးခရိုင် မြို့သစ်မြို့နယ်ပုလင်းကြီးအုပ်စု၊ သီးပင်ကျေးရွာတွင် (NEP)ဖြင့် လျှပ်စစ်မီးပထမဆုံး ရရှိခဲ့ပြီးဖြစ်၍ ယမန်နေ့ ညနေ(၅)နာရီက စတင်ဖွင့်လှစ်ပေးခဲ့သည်။

           

ရှေးဦးစွာ  အခမ်းအနားကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးသာအောင်၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ၊မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့သည်။

 

mdn

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒေသခံ ကျေးရွာပြည်သူများအား (NEP) အမျိုးသား လျှပ်စစ်ဓါတ် အားရရှိရေး စီမံကိန်းဖြင့် ပထမဦးစွာ လျှပ်စစ်မီးလင်းနိုင်သည့်ကျေးရွာဖြစ်ကြောင်း အုပ်စုအတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများကိုလည်း အမြန်ဆုံး မီးလင်းနိုင်စေရန်   ဆက်လက်ကြိုးစား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ထို့နောက်  မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြတ်ကိုကိုက လျှပ်စစ်ရရှိပြီ ဖြစ်သည့်အတွက်  လျှပ်စစ် အန္တရာယ်မှ ကင်းဝေးစေရန်အတွက် လျှပ်စစ်မီးအသုံးပြုရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ကိုင်တွယ်အသုံးပြု သွားရန် ပြောကြားခဲ့ပြီး ဌာနမှ ထုတ်ဝေထားသော လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့သည်။

 

အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊    အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့်အခြား(NGO) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်(မြို့သစ်)