မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက် ပြတိုက်ငယ် (Mini Museum) အား ကျောင်းသား / သူများ လာရောက်လေ့လာကြည့်ရှု     

မြို့သစ် ၂ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်  ဒေသဆိုင်ရာ သမိုင်းကြောင်းများ၊  အထင်ကရပုဂ္ဂိုလ်များ၏  အတ္ထုပ္ပတ္တိ အကြောင်းအရာများ၊    ဒေသထွက် လက်မှုပစ္စည်းများကို ပြတိုက်ငယ် (Mini Museum) ပြုလုပ်၍ ပြသထားရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

 

မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြသထားသည့် ပြတိုက်ငယ် ( Mini  Museum ) တွင် ဒေသဆိုင်ရာ သမိုင်းကြောင်းဗီနိုင်း၊ အထင်ကရပုဂ္ဂိုလ်များဖြစ်သည့် ပေလေးပင် ရှင်လေးပါးတွင် ပါဝင်သည့် ရှင်ဥတ္တမကျော် ၊ ရှင်မဟာသီလဝံသတို့၏ အတ္ထုပ္ပတ္တိသမိုင်းနှင့် မှတ်တမ်းပုံများ ၊ မကာရ လောပအကျော် မတစ်လုံးကြေ အတုလဆရာတော် ခင်ကြီးဖျော်၏ မှတ်တမ်းပုံ၊ နယ်ချဲ့သူ့ကျွန်မခံ ဗမာ့သွေးပြောင် ဗိုလ်မင်းရောင်၏ မှတ်တမ်းပုံ၊ ဝဏ္ဏကျော်ထင် ဇာတ်မင်းသားကြီး ဦးအောင်မောင်း ၏ အတ္ထုပ္ပတ္တိနှင့် မှတ်တမ်းပုံ ၊ ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုရ စာရေးဆရာ လူခါး၏  မှတ်တမ်းပုံ နှင့် ဒေသထွက် လက်မှုပစ္စည်းများကို ပြည်သူများ စိတ်ဝင်စားဖွယ်ဖြစ်အောင်   ခင်းကျင်းပြသထားရှိ ကြောင်း သိရသည်။

 

ဝင်းအိဇွန် ( ပြန် /ဆက် )