မြို့နယ်အချို့တွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ စက်တင်ဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင် ကြိုးဝိုင်းအကွက်(၅၀)မှ ဆင်အရေပြား (၁၀၉)ချပ်၊ (၂၇)ပိဿာ၊ တရားမဝင် ဆင်အရေပြားအစို (၆၀)ချပ်၊ (၁၅)ပိဿာတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၊ ရွှေစာရေးကျေးရွာအနီးတွင် တရားမဝင် အခြားသစ်ခွဲသားမျိုးစုံ (၁၂)တန်ခန့်၊ မော်တော်(၁)စီးနှင့်အတူ တရားခံ(၂)ဦး၊ ကျောက်ဖြူမြို့နယ်၊ အမ်းမြစ်အတွင်း သစ်သားကိုယ်ထည် စက်လှေ(၁)စီးပေါ်မှ တရားမဝင် နဘဲ/သစ်ဖြူခွဲသား (၁၂)တန်နှင့်အတူ တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်‌တော ဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)