မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ အထက်မှော်ရှန်ကျေးရွာ၊ အိမ်အမှတ်(၁/စီ-၃)နေ လျူဟွ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ဝ၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် သုည ဒသမ ဝ၆ ကီလိုတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲ​ဖေဖော်ဝါရီ ၁၄ ရက် ည ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ခရီးသည် မစန်းစန်းကြူ(ခ)မကြူထံမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ မွန်းလွဲ ၁၂ နာရီခွဲကလည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊  ဆန်ဆိုင်းရပ်ကွက်(ခ)၊ ဆန်ဆိုင်း(၅)လမ်းတွင် ရန်ချန်ဟန်(ခ)အားချန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ကိုလည်းကောင်း၊ အလားတူ ထို့အတူ  ​ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ကျောက်တောင်ကျေးရွာအဝင်၊ (၇)မိုင်လမ်းခွဲအနီး၊ မိုးမိတ်-မဘိမ်းသွားကားလမ်းတွင် သောင်းညွန့်ဦး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၂၁ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ အိမ်အမှတ်(လခတ/၅၃)ရှိ မခေါန်ရာ၏ နေအိမ်ကိုရှာဖွေရာ မခေါန်ရာအား မြန်မာငွေကျပ် ၁၅၀ဝ၀ဝ၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ဆက်လက်၍ မဆွမ်လွတ်ထုဆိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိရဘဲ ဘိန်းဖြူ သုည ဒသမ ၃၆၃ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား