မိုးညှင်း၊ ကျိုင်းတုံနှင့် ဆီဆိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

mdn

နေပြည်တော် ၂၆ အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီတွင် မိုးညှင်းမြို့နယ်၊ မပြင်ကျေးရွာအုပ်စု၊ နားလတန်းကျေးရွာနေ စိုးဝင်း၏နေအိမ်အား ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၀၇ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၀၀၊ မြန်မာငွေကျပ် ၃၄၀,၀၀၀ ကိုလည်းကောင်း။

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်၊ ဟွေလုံကျေးရွာနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အားမင်းနှင့် ဟော့ရှည်တို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀၊ မော်တော်ဆိုင် ကယ် ၂ စီးကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၇ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ဟိုတိကျေးရွာ၊ ခွန်မောင်ကျဉ်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား