မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၈၇)ဦးထိရှိပြီဖြစ်

မိုင်းယန်း    ဒီဇင်ဘာ     ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရ ကိုဗစ်အတည်ပြုလူနာများသည် နေအိမ်၌ ၁၀ ရက်ကြာ Stay At Home ဆက်လက် နေထိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းယန်းမြို့နယ်တွင် ဩဂုတ် ၂ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ(၂၃၅)ဦးတွေ့ရှိသည့်အနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ နေအိမ်သို့ ပြန်လည်စေလွတ်သူ(၁၈၇)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းထူး