မိုင်းယောင်းမြို့နယ်၌ တောင်သူများ ခြံထွက်ဟင်းသီးဟင်းရွက်များကို အဓိကထားရောင်းချနေကြ

မိုင်းယောင်း ၁၀ ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ တောင်သူများသည် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို အဓိကထားရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရှာဖွေနေကြကြောင်း သိရသည်။

“ကျွန်မတို့က လယ်ယာလုပ်ငန်း ရိတ်သိမ်းပြီးတဲ့အချိန်မှာ ဆောင်းသီးနှံတွေကို ဆက်ပြီးထွက်ယက် စိုက်ပျိုးကြပါတယ်။ နှစ်စဉ်ဒီလိုပဲ သူ့ရာသီနဲ့သူ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးပြီးတော့ ရောင်းချကြပါတယ်။ စပါးတွေ ရိတ်သိမ်းပြီးတဲ့အချိန်မှာ ဆောင်းသီးနှံတွေဖြစ်တဲ့ မုန်ညင်း၊ နံနံ၊ ဂေါ်ဖီထုပ်၊ ပဲတောင့်ရှည်၊ ကြက်သွန်ဖြူ၊ ခဝဲသီး၊ ကိုက်လံ၊ ငရုပ်၊ ပဲတီစိမ်း၊ မုံလာ၊ ဆလပ်၊ ရွှေပဲရွက်၊ ခရမ်းချဉ်၊ သခွား စတဲ့ သီးနှံတွေကို  စိုက်ပျိုးကြတာ ယခုမှာတော့ ဟင်းသီးဟင်းရွက်တွေကိုခူးပြီး မနက်ဈေးမှာ ရောင်းချနေကြပါပြီ” ဟု ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ်မှ တောင်သူအချို့သည် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ရောင်းချရာ မုန်ညှင်းနှစ်စီးကို ကျပ် ၅၀ဝ နှုန်းဖြင့် ရောင်းချနေရပြီး မိသားစုအတွက် နေ့စဉ် ဝင်ငွေကျပ် ၈၀ဝ၀ မှ ၁၅၀ဝ၀ အထိ ရရှိနေကြကြောင်း ယင်းတောင်သူအမျိုးသမီးထံမှ သိရသည်။

အားချာ