မိုင်းယောင်းမြို့နယ်၌ သစ်သားငရုတ်ဆုံနှင့် ပေါင်းအိုးများ အရောင်းသွက်

မိုင်းယောင်း၊ ၁၉ မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သစ်သားဖြင့် ပြုလုပ်ထားသည့် ဒေသထွက် လက်မှုပစ္စည်းများဖြစ်သော ငရုတ်ဆုံနှင့် ပေါင်းအိုးများ အရောင်းသွက်၍ အိမ်တွင်းလက်မှုစီးပွားရေးလုပ်ငန်းအဖြစ် အောင်မြင်လျက်ရှိသည်။

ဒေသခံတောင်သူအချို့သည် ငရုတ်ဆုံ၊ ပေါင်းအိုးများပြုလုပ်ရန် နွေရာသီတွင် သစ်အမာ သားများအား ရှာဖွေခုတ်ယူ၍ သိမ်းဆည်းထားကြပြီး စပါးစိုက်ရာသီတွင် ကောက်စိုက် အသုံးစရိတ်ကို ကာမိစေရန် ငရုတ်ဆုံ၊ ပေါင်းအိုးများ ပြုလုပ်ရောင်းချကြသည်။

သစ်သားအမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ငရုတ်ဆုံ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိလည်းကောင်း၊ ပေါင်းအိုး တစ်လုံးလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိလည်းကောင်း ရောင်းချရပြီး မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

စိုင်းအောင်ဇော်လင်း