မိုင်းရယ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မိုင်းရယ်  ၁၇ စက်တင်ဘာ 

           

 

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအတွက်  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို့၊ ပြည်ထောင်စု ခန်းမတွင် ဖွင့်လှစ်သည်။

           

 

သင်တန်းတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းကို ဆက်လက်ဖွင့်လှစ်ရာ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်နာရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ပို့ချခဲ့ကြောင်း သတင်းရရှိသည်။

 

 

မြို့နယ်ပြန်/ဆက်