မိုင်းရယ် လားရှိုးကားလမ်းပေါ်ရှိ နမ္မတုံးတံတား ပြိုကျမှုအား ဘေလီသံဘောင်တံတား တပ်ဆင်ပြီး ဖြတ်သန်းသွားလာနိုင်

မိုင်းရယ် ၁၅ ဒီဇင်ဘာ 

 

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်းရယ် လားရှိုးကားလမ်းပေါ်ရှိ နမ္မတုံးကျေးရွာအနီး တံတားတစ်စင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပြိုကျမှုဖြစ်ပွား ပါသည်။ 

 

အဆိုပါတံတားအား လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် လမ်းဉီးစီးဌာန၊ လမ်းအထူးအဖွဲ့(၆)တို့က တံတားအစားထိုး ဘေလီသံဘောင်တံတားကို ဒီဇင်ဘာလ ၁၃ ရက်နေ့ စတင်တည်ဆောက်ခဲ့ရာ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ခင်မာလာ